Social Icons

Friday, July 18, 2014

ပီအာရ်စနစ်ကို လက်မခံကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းကြေညာချက်ထုတ်



 အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံးရန် အဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဆိုပါက တိုင်းရင်း သားကိုယ်စားလှယ်များက အစည်းအဝေးမတက်ဘဲ ကန့်ကွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကျင့်သုံး ရန် တိုက်တွန်းသည့် အဆိုကို ဆွေးနွေးမည်ဆိုသည့် သတင်း များထွက်ပေါ်နေပြီး ထိုသို့ဆွေး နွေးမည်ဆိုပါက တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် အ စည်းအဝေးမတက်ဘဲ ကန့်ကွက် မည်ဖြစ်ကြောင်း အမည်မဖော်လို သူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောသည်။
‘‘အဆိုကိုဆွေးနွေးရင် လွှတ် တော်မတက်တာတို့၊ ဘာတို့လုပ် ကြမယ်ဆိုပြီး သတင်းတွေထွက် နေတယ်။ အစည်းအဝေးကို ခွင့် တိုင်ပြီး မတက်ဘဲ နေတာမျိုး လည်းဖြစ်နိုင်တာပဲ။ ဘယ်လိုလုပ် မလဲဆိုတာတော့ သေချာမသိ သေးပါဘူး’’ဟု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောသည်။
လွှတ်တော်တွင်းမှ တိုင်းရင်း သားကိုယ်စားလှယ်များက အချိုး ကျကိုယ်စားပြုစနစ်ကျင့်သုံးခြင်း ကို ကန့်ကွက်ကြောင်း ပြည် ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းထံ စာပေးပို့ထားသည်။
ပြည်ထောင်စုလွှတ်တော်နာ ယကအနေဖြင့် ထိုသို့ကန့်ကွက် ထားသည့်အပေါ်မျှတစွာ စဉ်းစား ပေးမည်ဟု မျှော်လင့်သည်ဟု လည်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်စောဝေကပြော သည်။
အမျိုးသားဒီမိုကရေစီ အင် အားစုပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်တွင်လည်း အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် တိုက်တွန်းသည့် အဆိုကို လွန်ခဲ့သည့် တစ်လခန့်ကပင် တင်သွင်းထားပြီး ယခုအချိန်ထိ လွှတ်တော်တွင် ဆွေးနွေးခွင့် မရသေးခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်က ဖွဲ့ စည်းထားသော အချိုးကျကိုယ် စားပြုရွေးကောက်ပွဲစနစ် လေ့ လာရေးကော်မရှင်သည် အစည်း အဝေးများစတင်ဆွေးနွေးနေပြီ ဖြစ်ပြီး အစီရင်ခံစာကို ဒီဇင်ဘာ လမကုန်မီ နောက်ဆုံးထားတင် သွင်းရမည်ဖြစ်သည်။
 
Blogger Templates