Social Icons

Friday, July 18, 2014

မလေးရှားလေယာဉ်မှာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည် ထိမှန်ခံခဲ့ရခြင်းဖြစ်ကြောင်း အိုဘားမား ပြောကြား

18jl23ယူကရိန်းတွင် ပျက်ကျသွားသည့် MH17 မလေးရှား ခရီးသည်တင်လေယာဉ်မှာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ထိမှန်ခံရခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ဒုံးကျည်မှာ ရုရှားကိုထောက်ခံသော ယူကရိန်းခွဲထွက်ရေးအုပ်စုက ထိန်းချုပ်ထားသည့် နယ်မြေမှ
ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိထားသည့် အထောက်အထားက ညွှန်ပြနေကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ အိုဘားမားသည် MH17 ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်တွင် သတင်းထောက်များကို ထုတ်ပြန်ပြောကြားမှုတစ်ရပ် ပြုလုပ်စဉ် ထိုသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။ မလေးရှားခရီးသည်တင် လေယာဉ်ပျက်ကျမှုတွင် အနည်းဆုံး အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်းလည်း အိုဘားမားက အတည်ပြုခဲ့သည်။
ရုရှားကိုထောက်ခံသည့် ယူကရိန်းခွဲထွက်ရေး လက်နက်ကိုင်အုပ်စုများ၊ ရုရှားနှင့် ယူကရိန်းတို့ကို လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေစဉ် အပစ်အခတ်ရဲစဲမှုကို အတိအကျလိုက်နာရန် အမေရိကန်သမ္မတက တောင်းဆိုလိုက်သည်။ ထို့အပြင် တစ်ကမ္ဘာလုံးက လေယာဉ်ပျက်မှု ဖြစ်ရပ်ကို စောင့်ကြည့်နေကြောင်းနှင့် အမှန်တရား ထွက်ပေါ်လာရန် အသေအချာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အိုးဘားမားကဆိုသည်။
18jl22
18jl21
18jl20
 
Blogger Templates