မြန်မာနိုင်ငံ၌ အသည်း ခြောက်ရောဂါနှင့် အသည်းကင် ဆာဖြစ်ပွားမှုများပြားလာခြင်းမှာ ပြည်သူလူထုများ ကျန်းမာရေး အသိပညာနည်းပါးခြင်းနှင့် လုံ လောက်သော ရန်ပုံငွေမရှိခြင်း တို့ကြောင့်ဖြစ်သည်ဟု ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဖေ သက်ခင်ကဆိုသည်။
‘‘နိုင်ငံတော်က ကျန်းမာရေး ဘတ်ဂျက်တွေ အဆတိုးပြီး ချ ပေးနေပေမယ့် မလုံလောက်သေး ဘူး။ တစ်နိုင်ငံလုံးက ကျန်းမာရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ လုံ လောက်တဲ့ ဘတ်ဂျက်လို့ မပြော နိုင်သေးဘူး။ ကျွန်တော်တို့ နိုင်ငံ မှာက ဒီရောဂါတွေက သွေးစစ် ကြည့်မှ သိရတဲ့ရောဂါဖြစ်တဲ့ အပြင် အများစုက ကျန်းမာရေး အသိပညာနည်းပြီး ရောဂါရင့်မှ ဆေးရုံဆေးခန်းကို ရောက်လာ ကြတယ်။ ကာကွယ်ကုသနိုင်ရဲ့ သားနဲ့ ဒီရောဂါတွေဖြစ်ပွားမှုများ ပြားနေတာဟာ ၀မ်းနည်းစရာကိစ္စ ဖြစ်ပါတယ်’’ဟု ၎င်းကပြောကြား သည်။
ထို့ကြောင့်ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် သက်ဆိုင်ရာအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ ပြည်သူများလက်တွဲ၍ ပူး ပေါင်းဆောင်ရွက်မှသာ အောင် မြင်မည်ဖြစ်ကြောင်းနှင့် ကျန်းမာ ရေးဝန်ကြီးဌာန၏ ဦးဆောင်မှု ဖြင့် အသည်းဖောင်ဒေးရှင်းနှင့် လူထုအခြေပြုစေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ အတူတကွပူး ပေါင်းရန်လိုအပ်ကြောင်း သိရ သည်။
‘‘အခုက ကာကွယ်ရေးလုပ် ငန်းတွေ လူထုအာရုံစိုက်မှုက နည်းသလို လိုက်ပါဆောင်ရွက်မှု ကလည်း အားနည်းတယ်။ နိုင်ငံ တစ်နိုင်ငံကို ကြည့်ရင် အခြား သော ကဏ္ဍတွေမှာ မအောင်မြင် တဲ့ အကြောင်းရင်းက ကျန်း မာရေးကြောင့်ပဲ။ ကျန်းမာရေး စောင့်ရှောက်မှုကောင်းကောင်း ပေးနိုင်ဖို့အတွက် ကျန်းမာရေး ၀န်ကြီးဌာနကို အခြားအဖွဲ့အ စည်းတွေက ၀ိုင်းဝန်းပံ့ပိုးပေးဖို့လို သလို ဖောင်ဒေးရှင်းတွေ ရှင်သန် ကြီးထွားဖို့လည်း ကျွန်တော်တို့ကလိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်’’ဟု ကျန်းမာရေးဝန်ကြီးပါမောက္ခဒေါက်တာဖေသက်ခင် ကဆိုသည်။
အသည်းရောင်ရောဂါသည် ကမ္ဘာ့အနှံ့တွင် ဖြစ်ပွားလျက်ရှိ ကာ ကမ္ဘာ့လူဦးရေ၏ သန်း ၆၀၀ ခန့်မှာ ရောဂါကူးစက်ခံနေရပြီး တစ်နှစ်လျှင် လူဦးရေတစ်သန်းခွဲ မှာ ၎င်းရောဂါကြောင့် အသက် သေဆုံးနေရသည်။ မြန်မာနိုင်ငံ တွင် အသည်းရောင်ဘီပိုးနှင့် စီပိုး ဖြစ်ပွားမှုများပြားလျက်ရှိပြီး နောက်ဆက်တွဲရောဂါများအဖြစ် အသည်းခြောက်ခြင်းနှင့် အသည်း ကင်ဆာများ ဖြစ်ပွားနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံ လူနာမှတ်တမ်းနှင့် သုတေသန တွေ့ရှိချက်များတွင် ဖော်ပြထား သည်။
‘‘ဒီနာတာရှည်ရောဂါတွေ ကို ဖြစ်ပွားစေတဲ့ အသည်းရောင် ဘီပိုး၊ စီပိုးတွေကို ကာကွယ်ကုသ နိုင်ပေမယ့် ဈေးနှုန်းမြင့်တယ်။ ပြီး တော့ အခြားအိပ်အိုင်ဗီ၊ တီဘီနဲ့ ငှက်ဖျားတွေလို ရုပ်မြင်သံကြား တွေက တစ်ဆင့်ပြည်သူကြားကို ပျံ့နှံ့သွားတဲ့ အသိပညာပေးအစီ အစဉ်တွေလည်း မလုပ်နိုင်သေးဘူး’’ ဟု မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်ကဆိုသည်။