
မင်းရဲကျော်စွာ ယာဉ်ရောင်း ၀ယ်ရေးစခန်းမှ အသစ်ပြောင်း ရွှေ့လိုက်သည့် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ဘာတာ ယခင်မီး လောင်ပြင်ဟောင်းနေရာတွင် နံနက် ၅ နာရီမှ ညနေ ၅ နာရီအ ထိသာ ယာဉ်ရပ်နားခွင့်ပေးမည် ဖြစ်ပြီး ခြွင်းချက်အနေဖြင့် အ ရောင်းအ၀ယ်ပြုလုပ်နေသည့် ကားများကို ည ၉ နာရီအထိသာ ရပ်နားရောင်းချခွင့်ပြုမည်ဟု ဆို သည်။
အဆိုပါ စနစ်ကို သြဂုတ် ၁ ရက်တွင် စတင်လုပ်ဆောင်မည် ဟု အထက်ပါ လက်ထောက်ဌာန မှူးက ဆိုသည်။
‘‘ကျွန်တော်တို့ကို မိုးတွင်း ကြီး ဗွက်ထဲမှာလည်း ချက်ချင်း ရွှေ့ခိုင်းတယ်။ အခုကားတွေကို ညအိပ်ခွင့်လည်း မပေးဘူး အ ရောင်းအ၀ယ်လုပ်ဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး’’ ဟု ကား ၀ယ်ရောင်းဦးကျော်ဇံမြင့်က ပြော သည်။
အဆိုပါ လှိုင် ၁၃ ရပ်ကွက် မြေနေရာသို့ ကားအရောင်းအ ၀ယ်ပြုလုပ်သူများကို စတင် ပြောင်းရွှေ့စဉ်က ဆိုင်ခန်းနေရာ ချထားမှုများ၊ အစီးရေနှင့် အခွန် ဆောင်သည့် ကားများ၊ ပြင်ပမှ လာရောက်ရပ်နားသည့် ကားများ အကြား နေရာချထားပေးမှုများ နှင့် ပတ်သက်ပြီး အငြင်းပွားရာ ဌာနမှ ဆုံးဖြတ်မှုအချို့အပေါ်မကျေမနပ်ဖြစ်နေကြသည်။
ထို့ပြင် ညအိပ်ယာဉ်ရပ်နား ခွင့် မရှိခြင်းကြောင့် နေ့စဉ် အစီး ရေ ထောင်ချီသည့်ကားများ ယာဉ်ရပ်နားကွင်းသို့ အ၀င်အ ထွက် ပြုလုပ်ရမည်ဖြစ်ရာ နေ့စဉ် ရပ်ကွက်အတွင်း ယာဉ်ကြောပိတ် ဆို့မှုများနှင့် ကြုံတွေ့ရတော့မည် ဟု ယင်းဝင်းအတွင်း ကားအရောင်းအ၀ယ် ပြုလုပ်နေသူများ က ခန့်မှန်းပြောဆိုနေကြသည်။