Social Icons

Monday, July 28, 2014

ကားအစီးရေ ပိုမိုတင်သွင်းခွင့်ရရန် အရောင်းပြခန်းပိုင်ရှင်များ တောင်းဆို

 ပြည်တွင်းကားအရောင်း ပြခန်းများ လက်ရှိတင်သွင်း ရောင်းချနေသော ကားအစီးရေ ထက်ပိုမိုတင်သွင်းရောင်းချခွင့်ကို စီးပွားကူးသန်းဒုဝန်ကြီးအား တင် ပြတောင်းဆိုလိုက်ကြောင်း ကား အရောင်းပြခန်းပိုင်ရှင်များထံမှ သတင်းရရှိသည်။

စီးပွားကူးသန်းရုံးတွင် ဒုဝန် ကြီးနှင့် ကားအရောင်းပြခန်းပိုင် ရှင်များ ဇူလိုင် ၂၈ ရက်က တွေ့ ဆုံခဲ့ပြီး ပြခန်းပိုင်ရှင်များက အရောင်းပြခန်းတစ်ခုလျှင် အစီး ရေ ၂၀၀ ကျော် တင်သွင်းခွင့်ပေး ထားရာမှ အစီးရေ ၃၀၀ ကျော် တင်သွင်းခွင့်ရရှိရန် တင်ပြလိုက် သည်ဟု ရောင်နီဦးကားအရောင်း ပြခန်းပိုင်ရှင်    ဦးအောင်ဝင်းက ပြောသည်။
ပြည်တွင်း ကားအရောင်းပြ ခန်းမှ မန်နေဂျင်းဒါရိုက်တာများ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ် လုပ်ရေးနှင့် ဖြန့်ဖြူးရေးရောင်းချ ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဒုဝန်ကြီးတို့ အဓိကတွေ့ဆုံခဲ့ကြခြင်းဖြစ် သည်။
‘‘အဓိက,ကတော့ ကား အသင်းအနေနဲ့ ရှေ့ဆက်သွား မယ့် မူဝါဒအသစ်တွေကို ဝန်ကြီး နဲ့တွေ့တဲ့အချိန် တင်ပြဆွေးနွေး ခဲ့ကြတာပါ’’ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦး မင်းမင်းက ပြောသည်။
ထပ်တိုးကားတင်သွင်းခွင့် ပြုမည့်အပိုင်းကို ချက်ချင်းခွင့်မပြု သေးဘဲ မော်တော်ယာဉ်တင်သွင်း မှုမူဝါဒကြီးကြပ်ရေးကော်မတီနှင့် ပြန်လည်ဆွေးနွေးပြီးခွင့်ပြုသင့်၊ မပြုသင့်ကို ပြန်လည်ဆုံးဖြတ်ပေး မည်ဟု ဒုဝန်ကြီးက ပြောကြား ကြောင်း ရောင်နီဦးကားအရောင်း ပြခန်းပိုင်ရှင် ဦးအောင်ဝင်းက ပြောသည်။ ထို့အပြင် ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့် ပြန်လည်တင် သွင်းသည့် ၂၀၀၉ နှင့်အထက် မော်ဒယ်မြင့်ကားများကို အစီးရေ တိုးမြှင့်တင်သွင်းခွင့်ပြုရန် တင်ပြ တောင်းဆိုခဲ့ကြောင်း မြမြင့်မိုရ် ကားအရောင်းပြခန်းပိုင်ရှင်က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က Brand New ကားအရောင်းပြခန်း များကို ယာဉ်အစီးရေသုံးရာ ကျော်အထိ တင်သွင်းရောင်းချ ခွင့်ပြုခဲ့သဖြင့် ကားအရောင်းစင် တာများကိုလည်း ဌာနက ထပ် တိုးတင်သွင်းခွင့်ပြုဖွယ်ရှိကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်များ က ခန့်မှန်းပြောဆိုနေကြသည်။
Brand New ကားအရောင်း ပြခန်းများကို ယခင်အစီးရေတစ် ရာကျော်သာ တင်သွင်းရောင်းချ ခွင့်ပြုထားပြီး ယခုအစီးရေသုံးရာ ကျော်အထိ   တင်သွင်းရောင်းချ ခွင့်ပြုထားပြီဖြစ်သည်။
 
Blogger Templates