ချင်းတိုင်းရင်းသား စော် ဘွားများ၏ နေအိမ်များ၊ ကျောက် စာတိုင်များ၊ ချင်းစာပေသမိုင်း အထောက်အထားများကို ယခု နှစ်မှစ၍ ပြသနိုင်သည့် အမှတ် အသားများကို ထိန်းသိမ်းစောင့် ရှောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပြည်နယ်အစိုးရက ယခု တွေ့ရှိထားသော ချင်းပြည်နယ် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွမ်းဘိခ်၏ နေအိမ်များ၊ ကျောက်စာတိုင်များနှင့် အသုံးအဆောင်ပစ္စည်းများအပြင် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေး စာပေယဉ်ကျေးမှုသမိုင်းများတွင် ထင်ရှားစွာဆောင်ရွက်ခဲ့သူများ၏ ကျန်ရှိခဲ့သော အထိမ်းအမှတ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောသည်။
‘‘စာပေ အပိုင်းမှာဆိုရင် အရင်တုန်းက အရုပ်စာပေပဲ ရှိခဲ့တယ်။ နောက်ပိုင်းကျမှ စာပေတွေ ထွန်းကားခဲ့တဲ့ အဲဒီလို သမိုင်း အထောက်အထားတွေပေါ့။ နောက်တစ်ခုက ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ ချင်းပြည်နယ်ကို လာရောက်တဲ့အခါ ပြည်နယ်ရဲ့ သမိုင်းအမွေအနှစ်တွေကို ကြည့်ရှုလေ့လာနိုင်အောင်လည်း ဆောင်ရွက်နေပါတယ်’’ ဟု ၀န် ကြီးဒေါက်တာဘမောင်က ပြောသည်။
လက်ရှိအနေဖြင့် ဖလမ်းမြို့ နယ်အတွင်းရှိ ဗိုလ်ကြွမ်းဘိခ်၏ နေအိမ်၊ ကျောက်စာတိုင်နှင့် ၎င်း ရှိစဉ်က အသုံးပြုခဲ့သော အသုံး အဆောင်ပစ္စည်းများ၊ ဆူခွါရ် စော်ဘွားကြီး၏ နေအိမ်များအ ပြင် ချင်းပြည်နယ် စာပေအဖြစ် ပြောင်းလဲ ပေါ်ပေါက်ခဲ့သော စာ ပေမှတ်တမ်းအထောက်အထား များကို သက်ဆိုင်ရာ မြို့နယ်များရှိ ကျန်ရစ်သော အမျိုးအဆွေများကူညီမှုဖြင့် ထိန်းသိမ်းစောင့် ရှောက်ခြင်း လုပ်ငန်းများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။