ပညာရေးလွတ်လပ်ခွင့် အတွက် ဒီမိုကရေစီပညာရေး အမည်ဖြင့် ဆွေးနွေးပွဲကျင်းပ မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ဦးဆောင်ဆွေးနွေး မည်ဟု ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) မှသိရသည်။
ဒီမိုကရေစီပညာရေးဆွေး နွေးပွဲကို ကျောင်းသားသမဂ္ဂ အဖွဲ့များက စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ပံ့ပိုးဆောင်ရွက်မည်ဟုဆိုသည်။
‘‘ပညာရေးလွတ်လပ်ခွင့်အ တွက် အဓိကဆွေးနွေးသွားမှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီဝင်တွေအတွက် အဓိကရည်ရွယ်ပါတယ်’’ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်မှ ဒေါ်သူသူမာကပြောသည်။
သြဂုတ်ပထမပတ်တွင် ဒီမို ကရေစီပညာရေးဆွေးနွေးပွဲကျင်း ပပြုလုပ်ရန် စီစဉ်ထားပြီး လူတိုင်း အကျုံးဝင်ပညာရေးနှင့် မသင်မနေရပညာရေးစနစ်များအကြောင်းကို ထည့်သွင်းဆွေးနွေး မည်ဖြစ်သည်။
ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်း၊ အရပ်ဘက်ပညာရေး အဖွဲ့အစည်းများနှင့် ဖွဲ့စည်း ထားသော ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်သည် စာမေးပွဲစနစ်ပြု ပြင်ပြောင်းလဲရေး၊ တိုင်းရင်းသား ဘာသာစကားသင်ကြားရေးတို့ အတွက် ဆွေးနွေးပွဲများ ဆောင် ရွက်ထားပြီးဖြစ်သည်။