Social Icons

Wednesday, July 30, 2014

အော်ရီဒူးဆင်းကဒ် နံပတ်ပူးတစ်ကဒ် ကျပ်ခုနှစ်သောင်းထိဈေးမြင့်တက်

30jl16ဇူလိုင်၂၉ ရက်မှ စတင်ရောင်းချခဲ့သော အော်ရီဒူးဆင်းကဒ်များ မန္တလေးတွင် ဝယ်ယူသူများပြားခဲ့ပြီး ဖုန်းအရောင်းဆိုင်များတွင် နံပတ်ပူးဂဏန်းများကို တစ်ကဒ်လျှင် ကျပ်ခုနှစ်သောင်းဝန်းကျင် အထိ ဈေးမြင့်နေပြီး ဝယ်ယူရန်ပင် ခက်ခဲလျက်ရှိသည်ဟု ဆိုသည်။
“ကျပ် ၁၅ဝဝ ဈေးသတ်မှတ်ထားပေမယ့် ဇူလိုင် ၂၉ ရက်မှာ ကျပ်နှစ်ထောင်ထိပဲ ဈေးမြင့်ပေမယ့် တချို့ဖုန်းဆိုင်တွေက ဟန်းဆက် ဝယ်ရင် အလကားပေးတာရှိတယ်။ ဒီအတိုင်းဝယ်တာဆို နံပါတ်လှရင်ကျပ်ခုနှစ်သောင်းဝန်းကျင်အထိပေးရတယ်”ဟု ကိုယ်တိုင်ဝယ် ယူခဲ့သူကိုစိုးဝင်းကပြောသည်။
အော်ရီဒူးကဒ် အချင်းချင်းဆက်သွယ်ပြောဆိုပါက တစ်မိနစ် ၂၅-ကျပ်၊ MPT,MEC တို့ကို ခေါ်ဆိုပါက တစ်မိနစ်လျင် ၃၅ကျပ်၊ စာတိုပို့ခ ၂၅ကျပ်၊ အင်တာနက် သုံးခအတွက် DATA(1-MB)လျှင် ၂၅ကျပ် ကျသင့်သည်ဟုဆိုသည်။
ဖုန်းကဒ်ဝယ်သူများကို ဝန်ဆောင်မှုအဖြစ် ပေးထားသည့်အထဲတွင် MPT ဖုန်းကဒ်များနှင့် ဆက်သွယ်ရန် မိနစ်ကိုးဆယ် အခမဲ့ ထည့်သွင်းထားပေးထားသည်။ အော်ရီဒူး၏ ငွေဖြည့်ကတ်များကို သြဂုတ်လ ၂ရက်တွင် စတင်ရောင်းချမည်ဟု အော်ရီဒူး ဝန်ဆောင်မှု ပေးသည့် ဌာနက ဖြေကြားထားသည်။
အော်ရီဒူးငွေဖြည့်ကတ်များနှင့် ပတ်သက်၍ ၁ဝဝဝ ကျပ်၊ ၃ဝဝဝကျပ်၊ ၅ဝဝဝကျပ်၊ ၁ဝဝဝဝကျပ်၊ ၂ဝဝဝဝကျပ် တို့ ရွေးချယ်ဝယ်ယူနိုင်မည်ဟု သိရသည်။
 
Blogger Templates