စီးပွားရေး ကဏ္ဍ အတွက် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေပိုမို ရရှိလာဖို့ အတွက်နဲ့ ဒေသခံတွေကို လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့် ဝေပေးနိုင် ဖို့အတွက် လျှပ်စစ်ဓာတ် အားစစ်ရုံကို ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် စက်မှုလုပ်ငန်း ၀န်ကြီး ဦးစိုင်းမောင်ရွှေက ပြောပါတယ်။
ကချင်ပြည်နယ် အတွင်း စက်မှုဇုန် အသစ်တွေကို တိုးချဲ့ဆောက်လုပ် သွားမှာဖြစ်ပြီးတော့ ဗန်းမော်နဲ့ ပူတာအို ဒေသတွေမှာတော့ စက်ပိုင်းဆိုင်ရာ ပစ္စည်း စက်ရုံတွေကို ဆောက်လုပ် သွားမယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ လျှပ်စစ်ဓာတ် အားစက်ရုံတွေ ဆောက်လုပ်နေပေမယ့် မြန်မာနိုင်ငံ အတွင်းက မြို့ကြီးတချို့မှာတောင်မှ လျှပ်စစ်မီး ပုံမှန်မပေးနိုင်ပဲ တရုတ်နဲ့ ထိုင်းနိုင်ငံ အပါအ၀င် အိမ်နီးချင်း နိုင်ငံတွေ ဆီကိုသာ ရောင်းချနေ တာကြောင့် မြန်မာအစိုးရကို ဝေဖန်နေကြပါတယ်။
ABC