Social Icons

Saturday, October 4, 2014

မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်း၏ အယူခံကို အောက်တိုဘာ ၁၄ တွင် စတင်စစ်ဆေးမည်

meechaungkan-U-Sein-Thinnရန်ကုန် (မဇ္ဈိမ)။ ။ မြို့နယ်လေးခုရှိ တရားရုံးများက ပုဒ်မ ၁၈၊ စည်ပင်ဥပဒေပုဒ်မ ၆၈ စသည့် ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့် မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်း၏ အယူခံဝင်မှုကို အနောက်ပိုင်း ခရိုင်တရားရုံး၌ အောက်တိုဘာ ၁၄ ရက်တွင် စတင် စစ်ဆေးသွားမည်ဟု မိကျောင်းကန် သပိတ်စခန်းမှ ဒေါ်စောစန္ဒာက မဇ္ဈိမကို ပြောသည်။

သက်ငယ် အဓမ္မပြုကျင့်ခံရမှု ကာကွယ်ရေးဥပဒေ အရေးပေါ် လိုအပ်နေပြီဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ အသက်မပြည့်သေးသည့် ကလေးငယ်များကို အဓမ္မပြုခြင်းမှ ကာကွယ်နိုင်ရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် အရေးတကြီးလိုအပ်နေပြီဟု ရန်ကုန်တိုင်းလွှတ်တော်၊ ဗဟန်းမြို့နယ်အမတ်၊ ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက မဇ္ဈိမ အမျိုးသမီးကဏ္ဍနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။
"အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ်မှာ အရက်စက်ဆုံး အကြမ်းဖက်မှုပုံစံဖြစ်တဲ့ မုဒိမ်းမှု ကျူးလွန်လို့ရှိရင် ကျူးလွန်တဲ့သူတွေကို သေဒဏ်အထိ ချမှတ်ဖို့ အထူးဥပဒေတွေ အရေးတကြီး လိုအပ်နေတယ်" ဟု ၎င်းက ပြောသည်။

ပြည်သူတို့ကိုယ်တိုင် ဖောက်သည့်လမ်းကို အသုံးပြုခပေးနေရ

Roadပုသိမ် (မဇ္ဈိမ)။ ။ ဒေသခံတို့ ကိုယ်တိုင်ဖောက်လုပ်ထားသော ငပုတောမြို့၊ ငရုပ်ကောင်း မြို့နယ်ခွဲ၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုနှင့် သစ်ရောင်းကျေးရွာအုပ်စု ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ဆိုင်ကယ်တစ် စီးလျှင် အသွားအပြန် ကျပ် ၅၀၀ နှုန်း ကောက်ခံနေမှုသည် တရားမျှတမှုမရှိဟု ဒေသခံတို့က ပြောသည်။

ဓာတ်လိုက်သေဆုံးပါက လျှော်ကြေးပေးမည့် လျှပ်စစ်ဥပဒေ ပြည်ထောင်စုလွှတ်တော် အတည်ပြုလိုက်ပြီ

Electricityနေပြည်တော် (မဇ္ဈိမ) ။ ။ လျှပ်စစ်အန္တရာယ်ကြောင့် လူ သို့မဟုတ် တိရစ္ဆာန်ကို ထိခိုက်မှု၊ သေဆုံးမှု ရှိပါက လျော်ကြေးပေးမည့် လျှပ်စစ် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်၌ အောက်တိုဘာ ၂ ရက်က အတည်ပြုလိုက်ပြီ။


ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက "လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်း အသုံးပြုခြင်းနှင့်ပတ်သက်၍ လူတွေ တိရစ္ဆန်တွေ ဒဏ်ရာရရှိရင်၊ ကိုယ်အင်္ဂါ

Friday, October 3, 2014

၂၀၁၅ ရွေးကောက်ပွဲ အမှီ ရှမ်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရန် တွန်အားများ ရှိသော်လည်း လက်တွေ့၌ ခက်ခဲနေ

လာမည့်၂၀၁၅ ရွေးကောက် ပွဲတွင် ရှမ်းနိုင်ငံရေး ပါတီ အချင်းချင်း ပူးပေါင်းကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ရှမ်းပြည်သူ များမှ တွန်းအားပေး နေမှုများ ရှိနေ သော်လည်း ပေါင်းစည်း ရေးနှင့် ပက်သက်၍ အဖွဲ့ အစည်း အချင်းချင်း ကြားတွင် မတူညီသော အမြင် သဘော ထားနှင့် နိုင်ငံရေး လမ်းစဉ် ကွဲလွှဲ ချက်များကြောင့်  ခက်ခဲ နေသည်ဟု ရှမ်းနိုင်ငံရေး ပါတီမှ ထိပ်တန်း ခေါင်းဆောင် များက ပြောကြားသည်။

CNF လိုင်စင်ရုံး ဒုတိယတာဝန်ခံအားနယ်မြေ ခံရဲက ဖမ်းဝရမ်းထုတ်

ချင်းအမျိုးသား တပ်ဦးနှင့် အစိုးရ သဘောတူညီ ချက်အရ ချင်းပြည်နယ် မတူပီမြို့တွင် ဖွင့်လှစ် ထားသော (Chin National Front- CNF) ဆက်ဆံ ရေးရုံး ဒုတိယ တာဝန်ခံ ပူးမန်လိုင်းအား နယ်မြေခံ ရဲတပ်ဖွဲ့က အောက်တို ဘာလ ၀၁ ရက်နေ့ တွင် ဖမ်းမိန့် ထုတ်ထား သည်ဟု သိရသည်။

SSPP/SSA အား မြန်မာ့တပ်မတော် အပြင်းအထန် တိုက်ခိုက် သေကျေ ကျဆုံးမှုများ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား မြန်မာ့ တပ်မတော် စစ်အင်အား တိုးဖြည့် တိုက်ခိုက်သောကြောင့် တိုက်ပွဲများ တခြားမြို့နယ်သို့ ပျံ့လာနေပြီ ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။

LC/TT စနစ်နဲ့ ကားတင်သွင်းရင် ကြိုက်သလောက် သွင်းနိုင်

ရန်ကုန်မြို့မှာ ကားပြခန်း Showroom ဖွင့်လှစ်ထားသူတွေအနေနဲ့ လက်ရှိ Consignment အကြွေးယူစနစ် နဲ့ တင်သွင်းနေရာကနေ Letter of Credit/ Telegraph Transfer LC/TT စနစ်နဲ့ တိုက်ရိုက် ၀ယ်ယူတင်သွင်းမယ် ဆိုရင် အစီးရေ အကန့်အသတ်မရှိ တင်သွင်းခွင့် ပြုမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ရန်ကုန် မြူ​နီ​စီ​ပယ် ရွေး​ကောက်​ပွဲ​တွေ ကျင်းပ နိုင်​တော့​မယ်

လာမယ့် ဒီဇင်ဘာ မှာ ရန်ကုန်မြို့တော် ရဲ့ စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် အတွက် ပထမ ဆုံး အကြိမ် မြူနီ စီပယ် ရွေးကောက်ပွဲ တွေ ပြုလုပ် တော့မှာ ဖြစ်ပါ တယ်။ စည်ပင် ရွေးကောက်ပွဲ ဆိုင်ရာ နည်း ဥပဒေ ပြင်ဆင်ချက် အောက်တိုဘာ လဆန်း မှာ ထွက်ရှိ လာခဲ့တဲ့ နောက် အခုလို မြူနီစီပယ် ရွေးကောက် ပွဲ တွေ ကျင်းပ လာနိုင် တာ ဖြစ်ပါတယ်။

နိုင်ငံသား ပြုခံထားရသူတွေကို သီးခြားနေရာချထားဖို့ ဆွေးနွေးဆုံးဖြတ်

ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ပေါ်ဒုက္ခသည်စခန်းမှာရှိတဲ့ ပန်းရောင်နိုင်ငံသားကဒ်နဲ့ အစိမ်းရောင် "ပြုနိုင်ငံသား"ကဒ် ရရှိထားသူ ၂၀၉ ဦးကို နိုင်ငံသားဖြစ်ခွင့် မရသေးသူတွေနဲ့ သီးခြားစီနေရာချထားဖို့ မနေ့က နယ်စပ်ရေးရာဝန်ကြီးနဲ့ မြို့ခံတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးပျက်လျှင် မြန်မာ့တပ်မတော်က ဖျက်ဆီးသူဟု RCSS/SSA ပြော

သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေသို့ အစိုးရတပ်မတော် စစ်အင်အား အလုံးအရင်းသုံးပြီး တိုက်ခိုက်နေခြင်းသည် လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေ ချိန်ဖြစ်သဖြင့် လုံးဝ မသင့်လျော်ကြောင်း၊ ငြိမ်း ချမ်းရေး ပျက်လျှင် မြန်မာ့တပ်မတော်က ဖျက်ဆီးသူဟု RCSS/SSA က ပြောကြား လိုက်ပါသည်။

SSPP/SSA တပ်စခန်းအား အစိုးရတပ်လက်နက်ကြီးဖြင့် မရပ်မနားပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်မတော်က လေယာဉ်ပစ် ပွိုင့်ဖိုက် ၊ ၁၂၀ မမ ဖြင့် မရပ်မနားပစ်ခတ်သဖြင့် တိုက်ပွဲများ ပျံ့နှံ့လာနေသည်ဟု ဒေသအတွင်းသတင်းရပ်ကွက်က ပြောသည်။

အောက်တိုဘာ ၃ ရက် ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်မှစ၍ ဝမ့်ဟိုင်းအနောက်တောင်ဘက် နောင်ဆွမ်း ကျေးရွာအနီး၊ ပန်ဝိုးကျေးရွာအနီးဘက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်ဟု ဆိုသည်။

ထိုင်းရဲတွေ တရားစွဲလိုက်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ကူညီဖို့ သံရုံးညွှန်ကြား

ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုး ကမ္ဘာ့လှည့်ခရီးသည်စုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန်တယ်လို့ ၀န်ခံထွက်ဆိုထားသူ မြန်မာနိုင်ငံသားနှစ်ဦးကို သွားရောက်တွေ့ဆုံပြီး၊ အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ဖို့ ရှေ့နေနှစ်ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ညွှန်ကြားလိုက်ပြီလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

 
Blogger Templates