Social Icons

Wednesday, June 25, 2014

မြန်မာပြည်က နတ်ပွဲ

ထေရဝါဒ ထွန်းကားတယ်လို့ ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံမှာ အလွန် ခေတ်စားတဲ့ ယုံကြည်မှု တခု ကတော့ နတ် ကိုးကွယ်မှုပါဘဲ။ မြန်မာ့နတ်သမိုင်းမှာ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း၊ အရံ ၃၇ မင်း ရယ်လို့ နတ်တွေကို အစားစား ခေါ်ဝေါ်သတ်မှတ်ထားကြပါတယ်။

ဒီအပြင် တခြား တောပိုင်၊ တောင်ပိုင်၊ အင်းပိုင်၊ နယ်ပိုင်၊ ရွာတော်ရှင် စတဲ့ နတ်မျိုးတွေလည်း ရှိတတ်ပါသေးတယ်။  နတ်တွေကို ပူဇော်ပသတဲ့ ပွဲတွေကလည်း မြန်မာနိုင်ငံ နေရာ အနှံ့ ကျင်းပကြလေ့ရှိပြီး နိုင်ငံခြားသား တွေအနေနဲ့လည်း ထူးခြားတဲ့ ယုံကြည်မှု တခုအဖြစ် သတ်မှတ်ကာ မှတ်တမ်း တင်ထားတာတွေ လည်း တွေ့ရပါတယ်။ နတ် က, ရာမှာ  တော်လို့ နတ်ကတော်လို့ သတ်မှတ်သူက သတ်မှတ်၊ နတ်နဲ့ လက်ထပ်ထားသူမို့ နတ် ရဲ့ဇနီး၊ မယား၊ ကတော် လို့ ဆိုသူက ဆို။ နတ်တွေမှာလည်း ဖို၊ မ ဆိုတာမျိုး တွေ ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နတ်ကတော်တွေရဲ့ ကပြဖျော်ဖြေမှု၊ နတ်ဝင်ပူးမှုနဲ့ နတ်အဟောတွေကတော့ စီးပွားဖြစ်ဖို့ စိတ် အားကြီးနေသူတွေအတွက် အားကိုးရာတခုဖြစ်နေတာပါ။ နတ်ဆိုင်းသံနဲ့ နတ်ဝတ်နတ်စားနဲ့ နတ်ကပွဲ ကတော့ ပရိသတ်တွေ ရင်ခုန်ရမှာ သေချာပါတယ်။ မြန်မာပြည်တလွှား နတ်ပွဲတွေ အမျိုးမျိုး ရှိကြပေမယ့် တောင်ပြုံးက နတ်ပွဲက တော့ အစည်ကားဆုံး ဖြစ် ပါတယ်။ ဒီလို မြန်မာပြည်က နတ်ပွဲတွေနဲ့ပတ်သက်လို့ နိုင်ငံခြားသား ခရီးသွားတွေကိုလည်း ဆွဲဆောင်ရာ တခုလည်းဖြစ်ပါတယ်။နိုင်ငံခြားသား  တယောက်ကတော့  အခုလို မှတ်တမ်း တင်ထားတာကို ဖော်ပြပေးလိုက်ပါတယ်။


x
 
Blogger Templates