Social Icons

Wednesday, July 30, 2014

မွေး/ရေလုပ်ငန်းများသို့ ထုတ်ချေးရန် တရုတ်ဘဏ်မှ ချေးငွေ ကန်ဒေါ်လာ ၁၆ သန်း ရရှိရေး ညှိနှိုင်းနေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ချေးငွေပိုမိုထုတ်ချေးပေးနိုင်ရန် တရုတ်နိုင်ငံရှိ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (China Export Import Bank) မှ ချေးငွေကန်ဒေါ်လာ ၁၆ သန်း ထုတ်ချေးပေးရန် အဆိုပြုလွှာတင်ပြထားရာ ညှိနှိုင်းမှုများ အဆင်မပြေပါက ချေးငွေယူမည်မဟုတ်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ဇူလိုင်လ ၂၉ ရက်တွင် မဇ်္ဈိမကို ပြောသည်။
အဆိုပါဘဏ်မှ မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လိုအပ်သည့်ပစ္စည်း ၅၀ ရာခိုင်နှုန်းခန့်ကို ၎င်းတို့ ကုမ္ပဏီမှဝယ်ယူရမည်ဆိုသောကြောင့် ချေးငွေရရှိရန် ပြန်လည်ညှိနှိုင်းမည်ဖြစ်ပြီး ညှိနှိုင်းမှုအဆင်မပြေပါ က ယင်းချေးငွေအစား အခြားချေးငွေရရှိရန် ညှိနှိုင်းမည်ဟု ဒေါက်တာဇာနည်မင်း က ဆက်လက်ပြော ကြားသည်။
“ ကျွန်တော်တို့နဲ့ တရုတ်ဘက်က တာဝန်ရှိတဲ့သူတွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်က ဆွေးနွေးခဲ့ပါတယ်။ သူတို့မွေး မြူရေးလုပ်ငန်း တွေအတွက်လိုတဲ့ရေနဲ့ မီးနဲ့ပေးချင်တယ်။ မွေးမြူရေးလုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်းကို ၀ယ်ရ မယ်လို့ ပြောတယ။် ကျွန်တော်တို့ဘက်က ဒါကိုလက်မခံဘူး။ ပြန်ညှိမယ် ညှိနှိုင်းလို့မရရင် မယူဘူး ” ဟု ဒေါက်တာ ဇာနည်မင်းက ပြောသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်းကို ကျေးရွာပေါင်း ၁,၁၅၀ တွင် စတင်လုပ်ဆောင် ပေးလျက်ရှိပြီး ကျေးရွာများတိုးချဲ့လုပ်ဆောင်ပေးနိုင်ရန် တရုတ်ဘဏ်ထံမှ ချေးငွေရရှိရေး အဆိုပြုလွှာတင် သွင်းခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့အနေနဲ့ သူတို့ဘက်ကို ဆွေးနွေးမယ်။ သူတို့နဲ့မှ အဆင်မပြေဘူးဆိုရင် တခြားနိုင်ငံတွေနဲ့ လုပ်ဆောင်သွားမှာပါ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ချေးငွေကို တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာ ၁၆ သန်း ချေးပေးရန် အဆိုပြုလွှာတင်ပြထား ပြီး တရုတ်ပို့ ကုန်သွင်းကုန်ဘဏ်မှ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၀န်ကြီး ဌာနသို့ အတိုးမဲ့ချေးငွေနှင့် အတိုးနှုန်း နှစ်ရာခိုင်နှုန်းဖြင့် ချေးငွေနှစ်မျိုး ထုတ်ချေးပေးရန် တင်ပြထားခြင်း ဖြစ်သည် ဟု ၎င်းက ဆိုသည်။
 
Blogger Templates