
အရက်သေစာ အလွန်အကျွံ သောက်သုံး ခဲ့သော အသက် ၅ဝ အရွယ် နှင့် ၆ဝ အရွယ် အမျိုးသားနှင့် အမျိုးသမီးများကို အမေရိကန် သုတေသီ များက လေ့လာမှု ပြုခဲ့ရာ ၎င်းတို့သည် မှတ်ဉာဏ် ဆုံးရှုံးနိုင်မှု အလားအလာ ပိုများကြောင်း ကို တွေ့ရှိခဲ့သည်။
အရက် အလွန်အကျွံ သောက်သုံး ခြင်းသည် စိတ်ပိုင်း ဆိုင်ရာကို ထိခိုက် နိုင်ကြောင်း လေ့လာ တွေ့ရှိချက်ကို Geriatric Psychiatry အမေရိကန် ဂျာနယ်တွင် ဖော်ပြ ထားသည်။ ယင်းကိစ္စရပ်သည် ဖြေရှင်းရန် လိုအပ်သော ပြည်သူ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ကြောင်း သုတေသီ များက ပြောကြားသည်။ အမေရိကန် သက်လတ်ပိုင်း အရွယ် ၆,၅ဝဝ ကို ယခင်က ၎င်းတို့၏ အရက်သေစာ သောက်သုံးခဲ့ မှုနှင့် ပတ်သက်၍ သိပ္ပံ ပညာရှင်များက မေးခွန်းများ မေးမြန်းခဲ့ ကြရာ၊ ၎င်းတို့တွင် မှတ်ဉာဏ် ထိခိုက် ပျက်စီးမှု အန္တရာယ် နှစ်ဆကျော် ရှိကြောင်းကို လေ့လာမှုတွင် တွေ့ရှိ ခဲ့သည်။