Social Icons

Sunday, August 24, 2014

မုံရွာကျောင်းသားတွေ ဆန္ဒပြ ချီတက်ခဲ့

မုံရွာမြို့ပေါ် တက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး၊ ဩဂုတ်လ ၂၄ ရက်နေ့မှာ၊ အမျိုးသား ပညာရေး ဥပဒေ မူကြမ်းကို ကန့်ကွက်တဲ့ ဆန္ဒပြ စီတန်း လှည့်လည်မှု၊ မုံရွာမြို့ ပေါ်မှာ ပြုလုပ် ခဲ့ကြပါ တယ်။

ပညာရေး ဥပဒေ မူကြမ်းကို အစိုးရ နဲ့ လွှတ်တော်က ရေးဆွဲ နေတာမှာ၊ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ပါဝင် ပတ်သက် နိုင်ခွင့် ရှိဖို့နဲ့၊ ကျောင်းသားထု အခွင့် အရေးတွေ ကို တောင်းဆိုခဲ့ တာ ဖြစ်တယ် လို့ ဒေသခံ သတင်းထောက် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဆန်ဖရန်စ္စကို မြောက်ဘက်မှာ ငလျင်လှုပ်

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကို မြို့ မြောက်ပိုင်း မှာ၊ အနှစ် အစိတ် အတွင်း၊ အင်အား အပြင်းထန် ဆုံး မြေငလျင် လှုပ်ခဲ့ ပြီး၊ အပျက်အစီး ကြီးကြီးမားမား တွေ ဖြစ်ခဲ့တဲ့ နောက်၊ အခုဆို အရေးပေါ် အခြေအနေ ကြေညာ ထားလိုက်ပြီ ဖြစ်ပါတယ်။

မြစ်ကြီးနားမှာ ဆောက်မယ့် လျှပ်စစ်ဓာတ်အား စက်ရုံကို တရုတ်ကူညီမယ်

မြန်မာအစိုးရက ​ကချင်ပြည်နယ် ​မြစ်ကြီးနားမြို့မှာ ​ဆောက်လုပ်မယ့် ​လျှပ်စစ်ဓာတ်အား ​စက်ရုံကို ​တရုတ်အစိုးရက ​ကူညီမယ်လို့ ​သိရပါတယ်။

စီးပွားရေး ​ကဏ္ဍ ​အတွက် ​ရင်းနှီးမြုပ်နှံမှု ​လုပ်ငန်းတွေပိုမို ​ရရှိလာဖို့ ​အတွက်နဲ့ ​ဒေသခံတွေကို ​လျှပ်စစ်ဓာတ်အား ​တိုးမြှင့်ဖြန့် ​ဝေပေးနိုင် ​ဖို့အတွက် ​လျှပ်စစ်ဓာတ် ​အားစစ်ရုံကို ​ဆောက်လုပ် ​သွားမှာ ​ဖြစ်တယ်လို့ ​ကချင်ပြည်နယ် ​စက်မှုလုပ်ငန်း ​၀န်ကြီး ​ဦးစိုင်းမောင်ရွှေက ​ပြောပါတယ်။

ဝန်ထမ်းအိမ်ရာမှ ဆရာ၊ ဆရာမများ ဖယ်ရှားရမည်ကို စိုးရိမ်နေ

နည်းပညာတက္ကသိုလ် (မန္တလေး) တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမများ နေထိုင်သော ၀န်ထမ်းအိမ်ရာ(၂)ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက Human Resource Development သင်တန်း ဖွင့်မည်ဖြစ်သောကြောင့် သြဂုတ်လကုန်တွင် ဖယ်ရှားပေးရမည်ဟု သတင်းများထွက်ပေါ်နေ၍ ပြောင်းရွှေ့ပေးရမည်ကို စိုးရိမ်လျက်ရှိသည်ဟု အဆိုပါ ၀န်ထမ်းအိမ်ရာတွင် နေထိုင်သည့် ဆရာ၊ ဆရာမများက မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေး အောင်မြင်ချိန်တွင် နယ်ခြားစောင့်တပ်အဖြစ်သာ ချန်လှပ်ခံရမည်ကို စိုးရိမ်

၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ကျင်းပသည့် ကရင်ရိုးရာလက်ချည်ပွဲသို့ တက်ရောက်လာသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ကျင်းပသည့် ကရင်ရိုးရာလက်ချည်ပွဲသို့ တက်ရောက်လာသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အောင်မြင်ပါက နယ်ခြားစောင့်တပ်များကို မူလအတိုင်း ချန်လှပ်မထားစေလိုဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (Border Guard Force) ဗဟိုအကြံပေးနှင့် ကွပ်ကွဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက မဇ္ဈိမကို ပြောသည်။

လျှပ်စစ်မလုံလောက်၍ မွေးကင်းစကုသရေး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခက်ကြုံ

ကလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ မွေးကင်းစကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်သူစိုး (ကလေး)
မွေးကင်းစတွင် အသားဝါတတ်သည့် ကလေးငယ်များကို ဓာတ်ကင်ကုသရန် လျှပ်စစ်မီးလုံလောက်မှု မရှိ၍ အခက်ကြုံနေရသည်ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမိုမိုအောင်က ပြောသည်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ မွေးကင်းစကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်သူစိုး (ကလေး)“မွေးမွေးချင်း အသားဝါနေတဲ့ ကလေးတွေကို ဓာတ်ကင်ပြီးတော့ ကုရမှာမို့ ကလေးဆောင်ကို မနက်ပိုင်းမှာ လျှပ်စစ်မီးလွှတ်ပေးဖို့ လျှပ်စစ်ရုံးကို ပြောပါတယ်။ ဒါပေမဲ့ တစ်နာရီလောက်ပဲ မီးလာတယ်။ လျှပ်စစ်မီးမရတော့ ဓာတ်မကင်နိုင်တော့ဘဲ သွေးလဲပြီး ကုသနေရတယ်။ သွေးလွန်တုပ်ကွေးရာသီဆိုတော့ သွေးလဲကုသမှုထက် ဓာတ်ကင်တာက ပိုသင့်လျော်ပါမယ်”ဟု ၎င်းက ပြောသည်။

ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိဟု အမျိုးသမီးငွေစုငွေချေးဖွံ့ဖြိုးရေးကွန်ရက် ဆို

၂၀၁၄ ဩဂုတ် ၂၄ ရက်က ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် အမျိုးသမီး ငွေစုငွေချေးအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းကွန်ရက်တို့မှ ပြုလုပ်ကျင်းပသော ဆင်းရဲမှုဘဝကို ကျရောက်နေကြသော အိမ်ထောင်မိသားစုများ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကြောင်း ရှင်းလင်းပွဲကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဘိုဘို
၂၀၁၄ ဩဂုတ် ၂၄ ရက်က ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် အမျိုးသမီး ငွေစုငွေချေးအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းကွန်ရက်တို့မှ ပြုလုပ်ကျင်းပသော ဆင်းရဲမှုဘဝကို ကျရောက်နေကြသော အိမ်ထောင်မိသားစုများ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကြောင်း ရှင်းလင်းပွဲကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဘိုဘို
ကျူးကျော်အိမ်မှ အခြေခံလူတန်းစားများ နေအိမ်ပိုင်ရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး အမျိုးသမီးငွေစုငွေချေး ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က မြေကွက်များ ၀ယ်ယူပြီး တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ကာ အဖွဲ့ဝင် ၉၃ ဦးကို အိမ်နေရာများ ချထားပေးပြီးဖြစ်၍ ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိသည်ဟု ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က ပြောသည်။

ပီအာရ်ဥပဒေကြမ်း အချက်အချို့သာ ညှိနှိုင်းရန် ကျန်

၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၌ ဆန္ဒမဲပေးနေသည့် ပြည်သူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ
၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၌ ဆန္ဒမဲပေးနေသည့် ပြည်သူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေအနာဂတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေး ဥပဒေကြမ်းရေးဆွဲနေသည့် ကော်မရှင်၏ လုပ်ငန်းများ အပြီးသတ်လုပြီဖြစ်ပြီး အချက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်တော့သည်ဟု အမျိုးသားလွှတ်တော် ပီအာရ်အကောင်အထည်ဖော်ရေးကော်မရှင်၊ ဥပဒေကြမ်းရေးဆွဲရေးနှင့် စာတမ်းပြုစုရေးအဖွဲ့ဝင် ဦးအုန်းတင်က သြဂုတ် ၂၄ရက်တွင် ပြောသည်။

ရပ်ကွက်ပိုင်မြေများကို အကွက်ရိုက်၍ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး အလွဲသုံးနေဟုဆို

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကင်းမြို့နယ် စည်းရုံးရေးမှူးသည် မြို့နယ်အတွင်းရှိ မြန်မာ့မီးရထားမြေများ၊ ရပ်ကွက်ပတ်လမ်းနှင့် လမ်းမြေများကို အကွက်ရိုက်၍ မြေဂရန် လျှောက်ကာ ရောင်းချနေသည်ဟု ရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။

တပ်မတော် လေ့ကျင့်ရေးကျည်ဆန် မသန်စွမ်းအမျိုးသမီး ဦးခေါင်းကို ထိမှန်

မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ရှိ အမှတ် ၁၃ လေ့ကျင့်ရေးသင်တန်းကျောင်း၏ လေ့ကျင့်ပစ်ခတ်မှုတွင် မသန်စွမ်းအမျိုးသမီးတစ်ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့သော်လည်း အသက်သေဆုံးမှု မရှိဟု သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က သြဂုတ် ၂၄ ရက် တွင် မဇ္ဈိမကို အတည်ပြုသည်။

သမ္မတနှင့် နိုင်ငံရေးမဆွေးနွေးခဲ့ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခေါင်းဆောင်အချို့ ပြော

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ခေါင်းဆောင်များပါ တက်ရောက်သည့် ဩဂုတ် ၂၂ ရက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄-၁၅ ပထမလေးလပတ် တတိယမြောက်အစည်းအဝေး ကျင်းပစဉ်။ ဓာတ်ပုံ - သမ္မတရုံး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ခေါင်းဆောင်များပါ တက်ရောက်သည့် ဩဂုတ် ၂၂ ရက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄-၁၅ ပထမလေးလပတ် တတိယမြောက်အစည်းအဝေး ကျင်းပစဉ်။ ဓာတ်ပုံ - သမ္မတရုံးနိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးကိုသာ ဆွေးနွေးခဲ့သည်ဟု “၀”၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌများက မဇ္ဈိမကို သြဂုတ်လ ၂၄ ရက်တွင် ပြောသည်။
“ကျွန်တော်တို့ ပြည်နယ်တောင်းတဲ့အကြောင်း မဆွေးနွေးခဲ့ပါဘူး။ အခုအချိန်က ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတိုင်းပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။ ဒီအချိန်မှာက ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး မပြောသေးပါဘူး”ဟု “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ခွန်ထွန်းလူက ပြောသည်။

ဆိုင်ကယ်ကယ်ရီများ အရေးယူပေးရန် အနှေးယာဉ် လုပ်သား ၁ဝဝ ဆန္ဒထုတ်ဖော်

24aug4ရန်ကုန်(မဇ္ဈိမ)။                ။  လှိုင်သာယာမြို့နယ်တွင် တရားမဝင်ဆိုင်ကယ် ကယ်ရီများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ရသည်ဟု ဆိုကာ ဥပဒေအရဆောင်ရွက်ပေးရန် အနှေးယာဉ်လုပ်သား ၁ဝဝ ကျော် ကျိုက္ကဆံအားကစားကွင်းရှိ ဟစ်တိုင်တွင် သြဂုတ် ၂၄ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။
“ကျွန်တော်တို့လှိုင်သာယာမှာ ဆိုင်ကယ်တွေစီးပိုင်ခွင့်မရှိဘူး။ ကယ်ရီကတော့ တစ်နိုင်ငံလုံး ဆွဲပိုင်ခွင့်ရှိတယ်။ ဥပဒေအတိုင်း လုပ်ပေးဖို့ နိုင်ငံတော်ကို သိအောင်လို့ ဆန္ဒထုတ်ဖော်ရတာပါ” ဟု ရွှေလင်ဗန်း မူကြိုလမ်းဆုံ ဆိုက်ကားဂိတ်မှုး ဦးမြင့်သောင်းက ဆိုသည်။

စာချုပ်ပါအချက်ဖောက်ဖျက်မှုဖြင့် မြန်မာ့ဆက်သွယ်ရေးကို အမေရိကန်တွင် တရားစွဲမည်

24aug2ရန်ကုန်၊ မဇ္ဈိမ။          ။ သဘောတူစာချုပ်ပါအချက်ကို ဖောက်ဖျက်မှုအတွက် မြန်မာ့ဆက်သွယ်ရေးကို အမေရိကန်နိုင်ငံတွင် တရားစွဲ ဆိုသွားမည်ဟု အမေရိကန်အခြေစိုက် IIWS Telecommunication ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှ ယ် ဒေါက်တာမြတ်နုခိုင်က မဇ္ဈိမကို ပြောသည်။
အမေရိကန်အခြေစိုက် IIWS ကုမ္ပဏီအနေဖြင့်  ဖုန်းပြောဆိုမှုတွင် အသံပိုင်းဆိုင်ရာ ဝန်ဆောင်မှုကောင်းမွန်စေ ရေး လုပ်ဆောင်ရန် မြန်မာ့ဆက်သွယ်ရေးနှင့် ၁၉၉၉ခုနှစ်တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့သော်လည်း လက်ရှိချိ န်ထိ လုပ်ဆောင်ရန်ပျက်ကွက်ခဲ့သည့်အတွက် အမေရိကန်တွင် တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

Tuesday, August 19, 2014

အပစ်ရပ်စာချုပ် ပြီးပြတ်မှသာ ငြိမ်းချမ်းရေးတွင် ဒေါ်စုပါလာနိုင်

၂၀၁၄ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ - NLD
၂၀၁၄ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ - NLDအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းလုပ်ငန်းစဉ်များကျမှသာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်သည်ဟု UNFC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ သြဂုတ် ၁၉ ရက်က ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့သော လူငယ်များနှင့် MPC တွေ့ဆုံပွဲပြီးနောက် မီဒီယာများ မေးမြန်းစဉ် ပြောခြင်းဖြစ်သည်။

ကလေးစစ်သား စုဆောင်းဆဲဟု ဗိုလ်ချုပ်ဂွန်မော် ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က ပြုလုပ်သည့် (၁၉)နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနားတွင် အသက်မပြည့်သေးသည့် တပ်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က ပြုလုပ်သည့် (၁၉)နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနားတွင် အသက်မပြည့်သေးသည့် တပ်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
အသက်မပြည့်သေးသည့် ကလေးစစ်သား စုဆောင်းခြင်း မပြုရန် KIA ဗဟိုက ညွှန်ကြားထားသော်လည်း အောက်ခြေတွင် စုဆောင်းမှုများရှိနေဆဲဖြစ်သည်ဟု KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

နာမည်ကောင်းရ ထိုင်းရဲအရာရှိ မူးယစ်ဆေးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံရ

 ထိုင်းရဲအရာရှိကြီးတဦးကို ဘတ်ငွေ သန်း ၁၆၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသမှာ သြဂုတ်လ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး သူဟာ မြန်မာနိုင်ငံဘက်က ရှမ်းမူးယစ်ဆေးဝါး ဂိုဏ်းတခုကနေ အခကြေးငွေယူပြီး သယ်ဆောင်လာတာဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး NCCT နဲ့ ၈၈ မျိုးဆက်တွေ ဆွေးနွေး

  မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရအောင် ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာရော၊ နိုင်ငံရေးအင်အားစုအားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်ကို   တနိုင်ငံလုံးအပစ်ရပ်စဲမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ၈၈ ငြိမ်းချမ်းရေး ပွင့်လင်းလူမှု အဖွဲ့အစည်းတို့ ဒီကနေ့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်က အစိုးရတပ် ဖယ်ဖို့ ရွာသားတွေ တောင်းဆို

 
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင် ကျေးရွာမှာ တပ်စွဲထားတဲ့ အစိုးရတပ် ဖယ်ပေးဖို့ ရွာသား ၂ဝဝ ကျော်က လက်မှတ်ထိုးပြီး သမ္မတနဲ့ တခြား သက်ဆိုင်သူ တွေကို တောင်းဆိုဖို့ ပြင်ဆင် နေကြ ပါတယ်။

တာဖာဆောင် ကျေးရွာက SSA အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စစ်ဌာနချုပ် ဝမ်ဟိုင်းအနီးမှာ တည်ရှိပါတယ်။

Missouri သေနတ်ပစ်သတ်ခံရမှု တရားမျှတစွာ အစိုးရစုံစမ်းစစ်ဆေးမည်

လက်နက်မဲ့ African-American ဆယ်ကျော်သက်ကို လူဖြူရဲက ပစ်သတ်ခဲ့မှု စုံစမ်းစစ်ဆေးရာမှာ အပြည့်အဝ မျှတပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်စေရမယ်လို့ အမေရိကန်ရှေ့နေချုပ် Eric Holder က Ferguson မြို့က ပြည်သူတွေကို ကတိပြုလိုက်ပါတယ်။

မစ်ဇူရီမှာ လူမည်းတစ်ဦး ထပ်မံ သေဆုံး

 အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်မှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့်၊ အသက် ၂၃ နှစ် အရွယ် လူမည်း အမျိုးသား တစ်ဦး သေဆုံးသွားပါတယ်။

စိန့်လူးဝစ်မြို့ရဲ့ ဆင်ခြေဖုံး၊ ဖာဂူဆန် အရပ်မှာ ဒေသခံရဲ ရဲ့ သေနတ်နဲ့ ပစ်ခတ် ခံရမှုကြောင့်၊ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် အရွယ် လူငယ်တစ်ဦး၊ သေဆုံးခဲ့ရ အပြီး၊ အကြမ်းဖက် အုံကြွမှုတွေ ဖြစ်ပေါ် လာနေခဲ့ရာ ကနေ၊ အခုလို နောက်ထပ်တစ်ဦး ထပ်မံ သေဆုံးသွား တာ ဖြစ်ပါတယ်။

မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှု ဆက်ထားခြင်းကြောင့် ရင်းနှီးမြုပ်နှံဖို့ ခက်ခဲ

 အမေရိကန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံက ​ထိပ်သီး ​စီးပွားရေးသမားတချို့အပေါ် ​ဒဏ်ခတ်ပိတ်ဆို့ ​ဆက်လက်ထားရှိတာက ​နိုင်ငံတကာအတွက် ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ​ခက်ခဲစေတယ်လို့ ​အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ​မူဝါဒရေးရာအကြံပေးအရာရှိဟောင်း ​Peter ​Kucik ​က ​Wall ​Stree ​Journal ​ကိုပြောပါတယ်။

e visa နဲ့ မြန်မာပြည်ကို လာနိုင်ပြီ

ကမ္ဘာလှည့် ခရီးသည်တွေ အတွက် ရည်ရွယ်တဲ့ online ကနေ တဆင့် လျှောက်နိုင်ကြမယ့် e - visa စနစ်ကို မြန်မာ နိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ ကနေ စတင် အသုံးပြုတော့ မှာ ဖြစ်ပါတယ်။

အမေရိကန်သတင်းထောက် ခေါင်းဖြတ်ခံရတဲ့ဗွီဒီယို စစ်မှန်မှု အမေရိကန်စုံစမ်း

အမေရိကန် ဓာတ်ပုံသတင်းထောက်တယောက်ကို Islamic State စစ်သွေးကြွတွေ သတ်ဖြတ်နေတဲ့ ဗွီဒီယိုဟာ အစစ်အမှန် ဟုတ် မဟုတ် အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ အိုဘားမားအစိုးရက ပြောပါတယ်။

မြန်မာ့တည်ငြိမ်ရေး ဘိန်းဘုရင်များ ခြိမ်းခြောက်နေဟု ကုလအဖွဲ့ဆို

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ က ရွှေပြည်သာမြို့နယ် အမှတ်(၁)လုံခြုံရေးတပ်ရင်းရှေ့တွင် ကျင်းပစဉ်။ ဓာတ်ပုံ - ငြိမ်သစ်ညီ
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ က ရွှေပြည်သာမြို့နယ် အမှတ်(၁)လုံခြုံရေးတပ်ရင်းရှေ့တွင် ကျင်းပစဉ်။ ဓာတ်ပုံ - ငြိမ်သစ်ညီမြန်မာနိုင်ငံတွင်းရှိ မူးယစ်မှောင်ခိုဂိုဏ်းများမှာ တိုင်းပြည်၏တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည်ဟု ကုလသမဂ္ဂက သြဂုတ်လ ၁၈ ရက်တွင် သတိပေးပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

မဟာဗန္ဓုလပန်းခြံအနီးတွင် ဆိုင်ခန်း ၁၅၀ ခန့် ရောင်းချနိုင်မည့် ညဈေးတန်း ဖွင့်လှစ်မည်

မဟာဗန္ဓုလပန်းခြံ။ ဓာတ်ပုံ - Tee La Rosa/flickr
မဟာဗန္ဓုလပန်းခြံ။ ဓာတ်ပုံ - Tee La Rosa/flickrရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ဆိုင်ခန်းပေါင်း ၁၅၀ ခန့်ရောင်းချနိုင်မည့် ညဈေးတန်းတစ်ခုကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။
၎င်းက သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Moonsoon စားသောက်ဆိုင်တွင် ကျင်းပသည့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးကို အသရေဖျက်မှုဖြင့် NLD တရားစွဲ

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို ဆန့်ကျင်သည့် စာဖြန့်ဝေခဲ့သော မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ဘက်ရွာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူးအား အသရေဖျက်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုခြင်းကို မြို့နယ်တရားရုံးက လက်ခံလိုက်ပြီဟု ပေါက်မြို့နယ်ဥက္ကဋ္ဌ ဦးရဲထွန်းဝင်းက ပြောသည်။

မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခံရ

မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ တွေ့ဆုံပွဲ ပြုလုပ်နေစဉ် လမ်းပေါ်မှ မိကျောင်းကန်မြေသိမ်းမှုအတွက် ဆန္ဒဖော်ထုတ်နေသူများကို ၂၀၁၄ ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘို
မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ တွေ့ဆုံပွဲ ပြုလုပ်နေစဉ် လမ်းပေါ်မှ မိကျောင်းကန်မြေသိမ်းမှုအတွက် ဆန္ဒဖော်ထုတ်နေသူများကို ၂၀၁၄ ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘိုမိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို ထောင်ဒဏ် လေးလ၊ အလုပ်ကြမ်းဖြင့် လသာမြို့နယ် တရားရုံးက သြဂုတ်လ ၁၉ ရက်၌ အမိန့်ချလိုက်ကြောင်း ဦးစိန်သန်း၏ ဇနီးဖြစ်သူ ဒေါ်စောစန္ဒာက မဇ္ဈိမကို ပြောသည်။

တရုတ်- မြန်မာ စီမံကိန်းများအပေါ် အမြင်ကွဲနေမှု ဖြေရှင်းရန်လိုဟု တရုတ်နိုင်ငံသံအမတ်ကြီးပြော

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီ့း ညေါံသကူညေ က မြစ်ဆုံအပါအဝင် တရုတ်တို့၏ စီမံကိန်းများအပေါ် နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းသွားစေရန် မြန်မာအစိုးရက တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်မည်ဟု ပြောသည်။  ဓာတ်ပုံ- တရုတ်သံရုံး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီ့း ညေါံသကူညေ က မြစ်ဆုံအပါအဝင် တရုတ်တို့၏ စီမံကိန်းများအပေါ် နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းသွားစေရန် မြန်မာအစိုးရက တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်မည်ဟု ပြောသည်။  ဓာတ်ပုံ- တရုတ်သံရုံးအခြေခံအဆောက်အအုံစီမံကိန်းများနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်အစိုးရတို့အကြား သဘောထား အမြင်ကွဲလွဲနေမှုများကို ဖြေရှင်းနိုင်ရန် ဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ရပ် လိုအပ်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်က မဇ္ဈိမမီဒီယာနှင့် သီးခြားပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပီအာရ်ကျင့်သုံးနိုင်ခြေမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်မှူးပြော

၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ်ရှိ မဲရုံတစ်ရုံ၌ မဲပေးနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ
၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ်ရှိ မဲရုံတစ်ရုံ၌ မဲပေးနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေအနာဂတ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲ နေသော်လည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကျင့်သုံးနိုင်ဖွယ်မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က သြဂုတ် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်

အောင်ပန်းမြို့၊ မယ်ခိုတောင်တွင် ဆရာကြီးဒဂုန်တာရာ၏ ဂူဗိမာန်တည်ဆောက်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့မြင်ရစဉ်။ ဂူဗိမာန်ကို ဆရာကြီး၏ ၉၅နှစ်မြောက် မွေးနေ့ မေ ၁၀ ရက် အပြီးတည်ဆောက်ရန် စီစဉ်နေသည်။ ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း
အောင်ပန်းမြို့၊ မယ်ခိုတောင်တွင် ဆရာကြီးဒဂုန်တာရာ၏ ဂူဗိမာန်တည်ဆောက်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့မြင်ရစဉ်။ ဂူဗိမာန်ကို ဆရာကြီး၏၉၅နှစ်မြောက် မွေးနေ့ မေ ၁၀ ရက် အပြီးတည်ဆောက်ရန် စီစဉ်နေသည်။ ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်းငြိမ်းချမ်းရေး၊ ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို အောင်ပန်းမြို့၊ မယ်ခိုတောင်ရှိ၊ ကုဋာရုံကျောင်းတိုက်တွင် သြဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲ ခန့်က စတင်ကျင်းပသည်။

လယ်မြေသိမ်းဆည်းမှုတွင် အစိုးရ၀န်ထမ်းများပါဝင်နေမှု အရေးယူရန် တစည ကြိုးပမ်းမည်

ဓာတ်ပုံ - မဇ္ဈိမ
ဓာတ်ပုံ - မဇ္ဈိမ
လယ်ယာမြေ သိမ်းဆည်းမှုတွင် အစိုးရ၀န်ထမ်းများ ပါဝင်ပတ်သက်မှုကြောင့် မြန်မာနိုင်ငံ၌ လယ်ယာမြေကိစ္စရပ်များ ဖြေရှင်းရာတွင် အခက်အခဲတွေ့နေရပြီး ယင်းဝန်ထမ်းများကို အရေးယူရန် လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် လွှတ်တော်တွင်တင်မည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တောင်သူလယ်သမားရေးရာကော်မတီတာဝန်ခံ ဦးညွန့်တင်က သြဂုတ် ၁၉ တွင် ပြောသည်။

အထုတ်ခံ အလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်နိုင်ရေး ပြပွဲများ ကျင်းပရုံဖြင့် အကောင်အထည်မဖော်နိုင်ဟုဆို

လှိုင်သာယာမြို့နယ် Master Sports ဖိနပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အကြောင်းမကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် ကိုးရီးယားသံရုံးရှေ့၌ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄၊ ဇူလိုင် ၁၇ ရက်က ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ-ဘိုဘို
လှိုင်သာယာမြို့နယ် Master Sports ဖိနပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အကြောင်းမကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် ကိုးရီးယားသံရုံးရှေ့၌ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄၊ ဇူလိုင် ၁၇ ရက်က ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ-ဘိုဘို
အလုပ်စည်းကမ်းချိုးဖောက်မှုမှလွဲ၍ အလုပ်ရှင်က အကြောင်းအမျိုးမျိုးပြ အလုပ်ထုတ်ခံရသူများကို အလုပ်ပြန်ရရေး လုပ်ဆောင်ပေးသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး၏ ကတိသည် အလုပ်အကိုင်ပြပွဲ၊ အလုပ်ရှင်၊ အလုပ်သမား တိုက်ရိုက်အလုပ်ခေါ်စနစ်တို့ဖြင့် အကောင်အထည်ပေါ်မလာနိုင်ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် နှင့် အလုပ်သမားကိုယ်စားလှယ်တို့က ပြောသည်။

အပစ်ရပ်မူကြမ်း လက်မှတ်ရေးမှတ်ထိုးမှုတွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ပါရန်လိုဟု အင်န်စီစီတီပြော

ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြည်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအား ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြည်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအား ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)အပစ်ရပ်မူကြမ်းအချောသတ်ပြီးစီးပါက တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ရန် တိုင်းရင်းသားများက လိုလားကြသည်ဟု NCCTအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဖက်ဒရယ်ကို စာချုပ်ထဲမှာ မဟုတ်ဘဲ လက်တွေ့ဖြစ်ရန် နိုင်ငံရေးပါတီများ အစိုးရသို့ တိုက်တွန်း

ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြည်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင် ပြောကြားနေသည်ကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြည်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင် ပြောကြားနေသည်ကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို စာချုပ်ထဲမှာသာမဟုတ် လက်တွေ့အကောင် အထည်ဖော်ဖို့ နိုင်ငံရေးအင်အားစုပါတီများက သြဂုတ် ၁၈ ရက် မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရကို တိုက်တွန်းလိုက်သည်။

ယာဉ်မတော်တဆမှုကြောင့် ခရီးသည်သေဆုံးပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူသွားမည်

ရန်ကုန်-မန္တလေး အမြန်လမ်း ဓာတ်ပုံ - မဇ္ဈိမ
အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်သေဆုံးသည်အထိ ယာဉ်မတော်တဆမှုဖြစ်ပွားပါက ဖြစ်စဉ်ပေါ်မူတည်ကာ ယာဉ်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း ဓာတ်ပုံ - မဇ္ဈိမ“အရင်က ခရီးသည် ဘယ်နှစ်ဦးသေဆုံးမှဆိုတဲ့ သတ်မှတ်ချက်နဲ့ ယာဉ်လိုင်း၊ ယာဉ်ကို ပိတ်သိမ်းတဲ့ မူပုံစံကို ချမှတ်ထားပေမယ့် အခုတော့ ခရီးသည်တစ်ဦးဖြစ်ဖြစ် ဘယ်နှစ်ဦးဖြစ်ဖြစ် သေဆုံးသည်အထိ ပေါ့လျော့အောင် မောင်းနှင်တဲ့အတွက် ယာဉ်လိုင်းကို ပိတ်သိမ်းမှာဖြစ်ပါတယ်”ဟု ပြောသည်။

ဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌများ နှင့် စာနယ်ဇင်းကောင်စီ သြဂုတ် ၂ဝရက် တွေ့ပြီ

ရန်ကုန်၊မဇ္ဈိမ။               ။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ သြဂုတ်လ၂ဝရက်တွင် နေပြည်တော် လွှတ်တော်ရုံးများ၌ သီးခြားတွေ့ဆုံမည်ဟု စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးသီဟစောက မဇ္ဈိမကို ပြောသည်။

Thursday, August 14, 2014

တယ်လီနော(မြန်မာ) အလုပ်အမှုဆောင် အရာရှိချုပ်နှင့် တွေ့ဆုံမေးမြန်းချက်

  မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားတဲ့ နော်ဝေပိုင် တယ်လီနော ကုမ္ပဏီဟာ စက်တင်ဘာလ အတွင်း ကျပ် ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်နဲ့ ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဆင်းကတ်တွေ စတင် ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

တယ်လီနောက မြန်မာနိုင်ငံအတွင်း ဘယ်လိုနည်းပညာနဲ့ ၀န်ဆောင်မှုတွေပေးမှာလဲ စတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး တယ်လီနော(မြန်မာ)ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် မစ္စတာ ပတ်တာ ဖော့ဘတ်ဂ် (Mr. Petter Furberg) ကို ဒီဗွီဘီလက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက တွေ့ဆုံ မေးမြန်း ထားပါတယ်။

မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်နှစ်ထပ်ရပ်ပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်


မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ၏ နယ်နိမိတ်အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်နှင့် စီးပွားရေး လုပ်ငန်းအချို့ ဖွင့်လှစ်ထားသည့် လမ်းမနေရာများတွင် ယာဉ်နှစ်ထပ်ရပ်နားပါက ဆိုင်ဖွင့်လှစ်ခွင့် ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်က မန္တလေးမြို့တော် ခန်းမ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစန်းမောင်က ပြောသည်။

နတ်မောက်မြို့ တွင် ဗိုလ်ချူပ်နှစ်တစ်ရာပြည့် မွေးနေ့ အခမ်းအနားကို ခမ်းနားစွာ ကျင်းပမယ်

 နတ်မောက်မြို့တွင် ဇူလိုင်လ(၁၉)ရက်၊ ဇူလိုင် (၂၃)ရက်၊ ဇူလိုင် (၂၆) ရက်နှင့် ဩဂုတ်လ (၆)နေ့ များတွင် အမျိုးသား ခေါင်း ဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကို ကြီးကျယ် ခမ်းနားစွာ ကျင်းပရန် ဗိုလ်ချုပ် ကိုချစ်ကြသူ နတ်မောက်သားများ အနေဖြင့် စုစည်းတိုင်ပင် ဆွေးနွေး ပွဲများကို နတ်မောက်မြို့၊ ဆုတောင်းပြည့်၊ ဘုရားကြီး ကျောင်းတိုက်တွင် (၄)ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 
                    

ဓမ္မစေတီ ခေါင်းလောင်း တော် ကြီး ရှာ ဖွေ ရေး ထူးခြားမှု မရှိသေး


ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ဆုံရာ မြစ်ဆုံ သုံးခု၏ ရေလယ်ပိုင်းတွင် သြဂုတ် ၉ ရက်မှ စတင်ကာ ရေငုပ်ရှာဖွေ လျက်ရှိသော ဓမ္မစေတီ ခေါင်းလောင်း တော်ကြီး ဆယ်ယူရေး စီမံကိန်းသည် ယနေ့တွင် ငါးရက်မြောက်နေ့ အဖြစ် ယခင်နေ့များ ထက် ထူးခြားသည့် အစီအမံများဖြင့် ဆက်လက် ရေငုပ်ရှာဖွေလျက်ရှိသည်။

အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွ ခံတပ်ကို အမေရိကန် ဖြိုခွင်းခဲ့


အီရတ်နိုင်ငံ ​Sinjar ​တောင်ပေါ်မှာရှိတဲ့ ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေရဲ့ ​ခံတပ်ကို ​အမေရိကန်က ​ဝေဟင်တိုက်ခိုက်မှုကနေ ​ဖြိုခွင်းပစ်နိုင်ခဲ့ပြီလို့ ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ပြောပါတယ်။

ဆူနီစစ်သွေးကြွတွေရဲ့ ​လက်ချက်ကြောင့် ​သောင်းနဲ့ချီတဲ့လူတွေ ​အီရတ်နိုင်ငံ ​မြို့တွေကနေ ​တောတောင်တွေထဲမှာ ​ထွက်ပြေး ​တိမ်းရှောင်နေကြရပြီး ​အစာရေစာ ​ငတ်မွတ်မှုတွေနဲ့ ​ရင်ဆိုင်နေရပါတယ်။

အရေးကြီးတဲ့ ရွေးချယ်မှု မြန်မာခေါင်းဆောင်တွေ လုပ်ရမယ်

  မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ လုပ်ဆောင် စရာတွေ ကျန်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အစိုးရကို တွန်းအားပေး သွားမှာ ဖြစ်သလို၊ ကူညီဆောင်ရွက် နိုင်တာ မှန်သမျှ ကိုလည်း အကူအညီပေး သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဒါပေမယ့်လည်း အရေးကြီးတဲ့ ရွေးချယ်မှု တွေကိုတော့ မြန်မာခေါင်းဆောင်ပိုင်းက လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ၀န်ကြီးကယ်ရီက ပြောခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အီရတ် ဝန်ကြီးချုပ် Maliki ရာထူးက နုတ်ထွက်

 နိုင်ငံရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရတ် ၀န်ကြီးချုပ် Nouri al-Maliki က သူ့အနေနဲ့ ရာထူးက ဆင်းပေးမယ့် အကြောင်းနဲ့ သူ့နေရာမှာ အစားထိုးဖို့ ရွေးချယ်ထားတဲ့သူကို ထောက်ပံ့ ပေးသွား မယ့် အကြောင်း ပြောကြား လိုက်ပါတယ်။

ဖွဲ့စည်းပုံပြင်ဖို့ သုံးသပ် ပြီးစီး

အခြေခံဥပဒေပြင်ဆင်ရေး ၃၁ဦး လွှတ်တော် ကော်မတီက ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပုဒ်မအားလုံး ဖြစ်တဲ့ ၄၅ရ ခုကို ဆန်းစစ်ပြီးပြီလို့ ဆိုပါတယ်။

ကော်မတီအနေနဲ့ မပြင်ဆင်တဲ့ ပုဒ်မ အနည်းငယ် ရှိပေမယ့်၊ အခြေခံ ဉပဒေ ပြင်ဆင်နိုင်ရေးမှာ အရေးကြီးတဲ့ ပုဒ်မ ၄၃၆ အပါအဝင် အတော်များများ ကို ၃၁ ဦး ကော်မတီ အနေနဲ့ ပြင်ဆင်ခဲ့တယ်လို့၊ အဲဒီ့ ကော်မတီဝင် ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဆီးကြိတ်ကင်ဆာ ကုထုံးသစ် ထင်ထားတာထက် ထိရောက်မှုရှိ


ဆီးကြိတ်ကင်ဆာ ​ကုထုံး ​နည်းလမ်းသစ် ​တမျိုးကြောင့် ​ကင်ဆာရောဂါ ​ပြန့်နှံမှုကို ​သိသိသာသာ ​လျော့ကျသွား ​စေတယ်လို့ ​သြစတြေးလျ ​ဆရာဝန်တွေက ​ဆိုပါတယ်။

ထိရောက်တဲ့ ​ဆီးကြိတ်ကင်ဆာ ​ကုသမှု ​စနစ်သစ်ထဲမှာ ​အမျိုးသား ​တွေရဲ့ ​ဟော်မုန်း ​ထုတ်လုပ်တဲ့ ​နေရာကို ​ထိန်းချုပ် ​နိုင်တဲ့ ​ကုထုံးနဲ့ ​၁၈လ ​အထိ ​ဆေးကုသမှု ​လုပ်ဆောင်ရမှာ ​ဖြစ်ပြီး ​အဲဒီရဲ့ ​နောက်ဆက်တွဲမှာတော့ ​ကင်ဆာရောဂါ ​ကုသဆေးဝါးနဲ့ ​ဓါတ်ရောင်ခြည်ကင် ​ကုသမှုတွေ ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

ဆယ်ကျော်သက် လူမည်း ပစ်ခံရမှု သီးခြားစုံစမ်းမည်

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက Missouri ပြည်နယ် St.Louis မြို့ ဆင်ခြေဖုံးတခုမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တယောက်ကို ရဲအရာရှိတဦးက ပစ်သတ်ခဲ့တာကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ အပေါ်၊ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိကြဖို့ဆိုပြီး ဒေသခံတွေကို သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ကမ်းရိုးတန်းတွင် ရေကြောင်းတပ်ဖွဲ့များ တိုးချဲ့ ချထားမည်ဟု ပြည်နယ်အစိုးရဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်သင်္ဘောတစ်စင်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကေဇူး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်သင်္ဘောတစ်စင်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကေဇူးရခိုင်ပြည်နယ်၊ ပင်လယ်ပြင်နှင့် ရေကြောင်းလုံခြုံရေးအတွက် ရေကြောင်းတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ် ၁၃ ရက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
၂၀၁၃ ဇူလိုင် ၁၂ ရက်က နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန (နစက)ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်းကာ ယင်းကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ရာတွင် ခက်ခဲမည်ဟု စံဇာဏီဘို ဟော

ဓမ္မစေတီခေါင်းလောင်းအား ရှာဖွေဆယ်ယူအတွက် အသုံးပြုမည့် သင်္ဘောနှင့် ဆယ်ယူရန် အတည်ပြုထားသည့် နေရာအား သြဂုတ်လ ၁၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက် ( မဇ္ဈိမ)
ဓမ္မစေတီခေါင်းလောင်းအား ရှာဖွေဆယ်ယူအတွက် အသုံးပြုမည့် သင်္ဘောနှင့် ဆယ်ယူရန် အတည်ပြုထားသည့် နေရာအား သြဂုတ်လ ၁၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက် ( မဇ္ဈိမ)မြစ်သုံးခုဆုံရာနေရာတွင် ပြုလုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူခြင်းလုပ်ငန်းသည် စတင်ခဲ့သည့်နေ့ (သြဂုတ် ၁၀) ရက်သည် မြန်မာအယူအဆအရ မကောင်းသည့်နေ့ဖြစ်သည့်အတွက် ဆယ်ယူရာတွင် အခက်အခဲများဖြစ်တတ်သည်ဟု ဗေဒင်ဆရာ စံဇာဏီဘိုက သြဂုတ် ၁၄ ရက်တွင် ပြောဆိုသည်။

Bi မွန်းတည့်နေမှ ငါးဦးကို ခရိုင်နှင့် မြို့နယ်တရားရုံးများ အာမခံပယ်ချ

Bi မွန်းတည့်နေ သတင်းထောက် မင်းဝဿန်အား ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်က Bi မွန်းတည့်နေဂျာနယ်အမှု  တတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး ပန်းဘဲတန်းမြို့နယ် တရားရုံးရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်
Bi မွန်းတည့်နေ သတင်းထောက် မင်းဝဿန်အား ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်က Bi မွန်းတည့်နေဂျာနယ်အမှု 
တတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး ပန်းဘဲတန်းမြို့နယ် တရားရုံးရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်
ကြားဖြတ်အစိုးရသတင်း ရေးသားဖော်ပြခဲ့သည့် Bi မွန်းတည့်နေဂျာနယ်မှ စွဲချက်တင်ခံထားရသူ ငါးဦးအား ပန်းဘဲတန်းမြို့နယ်နှင့် အနောက်ပိုင်းခရိုင် တရားရုံး အာမခံလျှောက်ထားမှု ပလပ်လိုက်သည်ဟု အကျိုးတော်ဆောင် ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။

ဧရာဝတီမြစ်ဝှမ်း လူထုဗဟိုပြုဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မည်

Ayerawaddy-and-Yadanaponeဧရာဝတီမြစ်ဝှမ်းဒေသ လူထုဗဟိုပြု ဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုလုပ်ငန်းများကို ဒုတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာလဆန်းပိုင်းတွင် ပြုလုပ်သွားမည်ဟု စိမ်းရောင်စိုလှုပ်ရှားမှုအဖွဲ့ (မန္တလေး)မှ အဖွဲ့ဝင် ကိုသန်းထွဋ်ကိုက မဇ္ဈိမကို ပြောသည်။

ရဲများ သေနတ်ပစ်ခတ်မှုကြောင့် ရှစ်ဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာ ပြင်းထန်၍ ဆေးရုံကြီးသို့ ပို့ထား

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာကို မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ရဲအင်အား ၁၀၀ ကျော်ဖြင့် သြဂုတ် ၁၄ ရက်၊ နံနက် ၉ နာရီတွင် ၀င်ရောက်ပစ်ခတ်မှုကြောင့် ရှစ်ဦးဒဏ်ရာရပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်၍ မန္တလေးဆေးရုံကြီးသို့ ပို့ထားရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာဟု ND-Burma၏ အစီရင်ခံစာဆို

soilderချင်းမိုင်၊ မဇ္ဈိမ။              ။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဆိုးရွားနေဆဲ ဖြစ်ပြီး လူ့အခွင့် အရေးချိုးဖောက်မှု ၁ဝ၃ ခုကို မှတ်တမ်း တင်ထားသော အစီရင်ခံစာ တစ်စောင်ကို လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma က သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကလေးစစ်သာအားလုံး ထုတ်ပယ်ပြီးပြီဟု ကေအင်န်ယူ ဆို

knuflagရန်ကုန်၊ မဇ္ဈိမ။         ။ ကရင်အမျိုးသားအစည်းအရုံး KNU တွင် အသုံးပြုခဲ့သော ကလေးစစ်သားအားလုံး ထုတ်ပယ်ပြီး ဖြစ်သည်ဟု ယင်းအဖွဲ့၏ ဗဟို စည်းရုံးရေးဌာနမှူး ဖဒိုစောကွယ်ထူးဝင်းက သြဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။

စက်တင်ဘာလတွင် အောင်ဆန်း ရုပ်ရှင် အတွက် ဇာတ်ဝင်ခန်း နှစ်ခန်း စတင် ရိုက်ကူးမည်

aungsannmovieနှစ်နှစ်ကျော်ကြာ ကြိုတင် ပြင်ဆင်ခဲ့ပြီး မရိုက်ကူးရ သေးသည့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားသည် စက်တင်ဘာ လ၌ ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင်သည့် အခန်းနှင့် ၎င်း၏သားဖြစ်သူ အောင်ဆန်းလင်း သေဆုံးသည့် အခန်းများကို ရိုက်ကူးမည် ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် ဦးဇာဂနာက မဇ္ဈိမကို ပြောသည်။

MPT ဖုန်းများ၏ အင်တာနက် စတင်အသုံး ပြုမှုဝန်ဆောင်ခ ကိုအခမဲ့ပေးနိုင်ရန် စီစဉ်နေ

wai--33အင်တာနက်စတင် အသုံးပြုမှု ၀န်ဆောင်ခကို  ကျပ်တစ်သောင်း ပေးရသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က ချထားပေးသည့် ဖုန်းများတွင် အခြားအော်ပရေတာများ နည်းတူဝန်ဆောင်ခ အခမဲ့ဖြစ်စေရန် အတွက် စီစဉ်နေသည်ဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနမှ လက်ထောက်အင် ဂျင်နီယာ ဦးကိုကိုအောင်က မဇ္ဈိမကို ပြောသည်။

ထိုင်းဆောက်လက်စ ကွန်ဒိုပြိုကျမှု မြန်မာလုပ်သားများ သေဆုံးခြင်း မရှိ

wai--34ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပရထွမ်ဌာနီခရိုင် အတွင်းရှိ ဆောက်လက်စ ကွန်ဒိုမီနီယမ် တိုက်ခန်း တစ်ခု ၆ လွှာမှစ၍ ပြိုကျခဲ့သည့် ဖြစ်စဉ်၍ မြန်မာနို င်ငံသား အလုပ် သမား များစွာ ပိမိ၍ သေဆုံးနေခဲ့ဟု သတင်းများ ထွက်ပေါ်ခြင်းမှာ လုံးဝမှန်ကန်မှုမရှိဟု ထိုင်းနိုင်ငံရှိ အလုပ်သမား သံအရာရှိ ဦးသိန်းနို င်က ငြင်းဆိုလိုက်သည်။

ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်

shwedagonရန်ကုန်၊ မဇ္ဈိမ။           ။ ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူသွားမည်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

သဲကုန်းလယ်ယာမြေ ပြန်လည်ရရှိရေး လှုပ်ရှားသူနှစ်ဦးကို တရားခံပြေးအဖြစ် ကြေငြာ

police1111ပြည်၊ မဇ္ဈိမ။              ။ ပဲခူးတိုင်း ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာမြေပြန်လည်ရရှိရေး လှုပ်ရှားနေသည့် လယ်သမား ကိုကျော်သူအောင် နှင့် လယ်သမားအရေး ကူညီသူ ကိုသန့်ဇင်ထက်တို့အား တရားခံပြေးအဖြစ် ထပ်မံကြေငြာလိုက်ကြောင်း သဲကုန်းမြို့မ စခန်းမှူး ဒုရဲမှူးဇော်အောင်က မဇ္ဈိမကို ပြောသည်။
 
Blogger Templates