Social Icons

Thursday, July 31, 2014

ရွေးကောက်ပွဲ ပုံစံ လေ့လာရေး ကော်ရှင်ဖွဲ့ပြီ

  မြန်မာ နိုင်ငံနဲ့ သင့်လျော်တဲ့ ရွေးကောက်ပွဲ စနစ် ပေါ်ပေါက် လာစေဖို့ လေ့လာ သုံးသပ် မယ့် ကော်မရှင် တစ်ရပ်ကို ပြည်သူ့ လွှတ်တော်မှာ ဖွဲ့စည်း လိုက် ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး ဥက္ကဌ အဖြစ် ပါဝင်ပြီး NLD , NDF နဲ့ တိုင်းရင်းသား ပါတီ တွေ အပါ အဝင် အဖွဲ့ဝင် ၂၄ ယောက် ပါတဲ့ ကော်မရှင်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဖွဲ့စည်း ပေးလိုက် တာပါ။

မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်း

 စစ်တပ်ကသိမ်းထားတဲ့ အိမ်မြေနေရာတွေ ပြန်ရဖို့ တောင်းဆိုနေတဲ့ မိချောင်းကန်ရပ်ကွက် သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို အရပ်ဝတ်လူတစ်စုက ကန်တော်ကြီး မျှော်စင်ကျွန်းအနီးမှာ ဒီနေ့မနက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးတင်တရားစွဲကာ ညနေပိုင်းမှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့  သတင်းရရှိပါတယ်။

သူရဦးရွှေမန်းရဲ့ ဆုံးဖြတ်ချက်ကိုသာ ထောက်ခံခဲ့တာလို့ NLD ထုတ်ပြန်

 PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးမှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံတယ်ဆိုပြီး ပြည်သူတွေအကြား ထင်ယောင်ထင်မှား ဖြစ်လာတဲ့ အတွက် PR စနစ်ကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သံဖြူဇရပ်မြို့နယ် ရဲတံခွန် ရာဘာခြံလုံခြုံရေး မွန်ပြည်သစ်ပါတီတပ်ဖြန့်ထား

 သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာတဝိုက် ရာဘာခြံပိုင်ရှင်များ အကူအညီ တောင်းခံသဖြင့် မွန်ပြည်သစ် ပါတီ တပ်ဖွဲ့ဝင်များ လုံခြုံရေးတပ်ဖြန့် စောင့်ရှောက်ထား သည်ဟု သိရသည်။

ဒေသရှိ KNU အဖွဲ့အစည်းနှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များ အဆက်အသွယ်ရယူပြီး ရာဘာခြံများအား လုံခြုံရေး အကူအညီ ပေးအပ်ခြင်းသာ ဖြစ်ကြောင်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ သံဖြူဇရပ်မြို့နယ် စစ်ကြောင်းမှူး ဗိုလ်ကြီးမျိုးသွေးက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

မွန်းတည့်နေဂျာနယ်အမှု ၇ ဦးကို သြဂုတ် ၄ ရက်နေ့ တရားစွဲဆိုမည်

 ကြားဖြတ်အစိုးရ တင်မြှောက်တဲ့ သတင်းရေးသား ဖော်ပြတဲ့ မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီ တာနဲ့ သတင်းထောက် စုစုပေါင်း ၇ ဦးကို သြဂုတ်လ ၄ ရက်နေ့မှာ အမှုစတင်စွဲဆိုတော့မယ်လို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ဗဟိုတရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

အစိုးရနှင့်ဆွေးနွေးမှု ပြဿနာပေါ်ပါက တိုင်းရင်းသားအဖွဲ့အသီးသီး၏ ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ ဦးဆောင်ဆုံးဖြတ်မည်

31jl99လိုင်ဇာ၊ မဇ္ဈိမ။            ။ အပစ်ရပ်မူကြမ်းအပေါ် အစိုးရနှင့် NCCT တို့ ဆက်လက်ဆွေးနွေးမှုတွင် မကျေလည်မည့် ပြဿနာပေါ်လာပါ က မည်ကဲ့သို့ ရပ်တည်မည်ကို ဦးဆောင်မှုနှင့် ဆုံးဖြတ်မှုပေးနိုင်မည့် တိုင်းရင်းသားအဖွဲ့အသီးသီး၏ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့က စည်းဝေးဆုံးဖြတ်ရန် ဇူလိုင် ၃၁ရက်က လိုင်ဇာတွင် သဘောတူလိုက်သည်။

ဖီဖာ ဒုဥက္ကဋ္ဌ ဂရွန်ဒိုနာ နှလုံးရောဂါဖြင့် ကွယ်လွန်

fifaအာဂျင်တီးနား၊ ဇူလိုင် ၃၁။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဂျူလီယို ဟမ်ဘာတို ဂရွန်ဒိုနာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့နံနက် က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂရွန်ဒိုနာသည် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

သွေးကင်ဆာ ဝေဒနာသည် အစ်ကို အတွက် ရိုးတွင်းခြင်ဆီ လှူဒါန်းမည့် ဂရိကမ္ဘာ့ဖလားစတား

greeceဂရိနောက်ခံ ကစားသမား ဗန်ဂီလက်စ် မိုရက်စ်သည် သွေးကင်ဆာရောဂါ ခံစားနေရသည့် အစ်ကိုဖြစ်သူဒီမီထရစ်အတွက် ရိုးတွင်းခြင်ဆီလှူဒါန်း ရန် သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သည်ဟု sport FM သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်တွင် မန်ယူနှင့်ရီးယဲလ် ကစားမည့် ခြေစမ်းပွဲ အတွက် လက်မှတ် တစ်သိန်းကျော် ရောင်းချထားရ

manuဒီထရွိုက်၊ ဇူလိုင် ၃၁။ အမေရိကန် နိုင်ငံ ဒီထရွုက် မြို့တွင် စနေနေ့၌ ကစားမည့် မန်ယူနှင့် ရီးယဲလ် အသင်း ခြေစမ်းပွဲစဉ် အတွက် လက်မှတ် စောင်ရေမှာ မယုံနိုင် လောက်အောင် များပြားသည့် အရေအတွက် ဖြစ်သော ၁၀၉, ၀၀၀ ရောင်းချ ထားရသည်။

Sky Star Music Nightဖျော်ဖြေပွဲ သြဂုတ်လတွင် ကျင်းပမည်

31jl12ရန်ကုန်၊ မဇ္ဈိမ။         ။  Sky Star Music Night တေးဂီတဖျော်ဖြေပွဲကို နာမည်ကျော် အဆိုတော်များ ဖြစ်သော ဇော်ပိုင်၊ R ဇာနည်၊ ဟဲလေး၊ ဖြူဖြူကျော်သိန်း၊ စန္ဒီမြင့်လွင် တို့ဖြင့် သြဂုတ် ၁၆ တွင် ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု ဖျော်ဖြေပွဲတွင် ပါဝင်သီဆို မည့် ဖြူဖြူကျော်သိန်းက ပြောသည်။

သဘင်အစည်းအရုံး ရွေးကောက်ပွဲ ပြန်လည်လုပ်ဆောင်သင့်ဟု ဇာတ်မင်းသားမိုးမင်းပြော

moeminသဘင်အစည်းအရုံး၏ လက်ရှိအခြေအနေအရ သဘင်အစည်းအရုံး၏ဖွဲ့စည်းပုံအတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပသင့်သည်ဟု သဘင်ပညာရှင်တစ်ဦးဖြစ်သူ မိုးမင်းက မဇ္ဈိမကိုပြောသည်။ လက်ရှိ သဘင်အစည်းအရုံးတွင် သဘင်မိသားစုဝင်များအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် သဘင်ဖောင်ဒေးရှင်း တည်ထောင်နိုင်ရန်အတွက် စီစဉ်နေချိန်တွင် သဘင်ထုတစ်ရပ်လုံး၏ သဘောဆန္ဒနှင့် အညီဆောင်ရွက်နိုင်ရန် ပြီးသဘင်ထုတစ်ရပ်လုံး ပါဝင်နိုင်ရန်အတွက်

Wednesday, July 30, 2014

ဌက်ဖျားဆေးမတိုးသူတွေ များလာနေ

 အရှေ့တောင်အာရှက နိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ မှာ ဌက်ဖျားရောဂါကုသဆေး မတိုးတော့တဲ့လူနာတွေ အများအပြားတွေ့နေရပြီလို့ ကမ္ဘာ့ ကျန်းမာရေး ထိပ်တန်းပညာရှင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က သတိပေးလိုက်ပါတယ်။

မြန်မာ့အပြောင်းအလဲ နဲ့ Prof. Steinberg ရဲ့  အမြင်အတွေး

 ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ  မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးမှာ အဟန့် အတား၊ အနှောက် အယှက်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး မတည်မငြိမ် ဖြစ်မှု တွေကြောင့် နောက်ပြန်ဆုတ်၊

မရှင်းလင်းသည့် လွှတ်တော်ငွေပေးမှု ယူ၊ မယူ အမတ်များ အကျပ်ရိုက်

လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် မဲဆန္ဒနယ်မြေအသီးသီးသို့ လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးလျှင် ကျပ်လေးသိန်းထက်ပိုသော ကြိုတင်ငွေကို ထုတ်ပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၃၀ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြထားသည်။

လယ်သမားများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လယ်ယာသုံးစက်များ ရောင်းပေးရန် အတည်ပြု


ဧရာဝတီတိုင်း ဒါးကတိုက်နယ်ရှိ မိုးစပါး စိုက်ပျိုးရန်အတွက် လယ်ထွန်ယက်နေသည်သည့် လယ်သမားတစ်ဦးအား
ဇူလိုင်လ ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ဧရာဝတီတိုင်း ဒါးကတိုက်နယ်ရှိ မိုးစပါး စိုက်ပျိုးရန်အတွက် လယ်ထွန်ယက်နေသည်သည့် လယ်သမားတစ်ဦးအား  ဇူလိုင်လ ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီတောင်သူလယ်သမားများကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖိုးရှိ ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာများကို နှစ်ရှည် အရစ်ကျပေးသွင်းသည့်စနစ်ဖြင့် ရောင်းချပေးနိုင်ရန် သဘောတူညီချကများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးလိုက်သည်။

နိုင်ငံတကာက ဝေဖန်ခြင်းကြောင့် MSF ကို လက်ခံရခြင်းဖြစ်ဟု ဆို


ရခိုင်ဒေသခံအချို့က MSF သည် ဒေသတွင်း ခွဲခြားကူညီသည်ဟု စွပ်စွဲကာ ရခိုင်ပြည်နယ်မှ ထွက်ခွာပေးရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ကန့်ကွက်ဆန္ဒပြနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP
ရခိုင်ဒေသခံအချို့က MSF သည် ဒေသတွင်း ခွဲခြားကူညီသည်ဟု စွပ်စွဲကာ ရခိုင်ပြည်နယ်မှ ထွက်ခွာပေးရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ကန့်ကွက်ဆန္ဒပြနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFPနိုင်ငံတကာ မျက်နှာစာတွင် ဝေဖန်ခံနေရခြင်းကို ပြန်လည်ဖြေရှင်းရန် ရခိုင်ပြည်သူလူထုက လက်မခံသော အကူအညီပေးရေးအဖွဲ့ဖြစ်သည့် MSF ကို လက်ခံရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးဆွေးနွေးပါက ၈၈မျိုးဆက်ပါရန် တိုင်းရင်းသားခေါင်းဆောင်များ ဆုံးဖြတ်

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရစ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ဆွေးနွေးရာတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များပါဝင်ရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရေးအဖွဲ့ NCCT ၀င်ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

တိုင်းရင်းသားတို့ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အချိန်ဟု ကေအိုင်အို ဒု-ဥက္ကဋ္ဌ သုံးသပ်


ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့တွင်ကျင်းပသည့် NCCT အဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များအား ဇူလိုင် ၂၅ရက်က တွေ့ရစဉ်။(ဓာတ်ပုံ၊ မင်းမင်း၊ မဇ္ဈိမ)
ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့တွင်ကျင်းပသည့် NCCT အဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များအား ဇူလိုင် ၂၅ရက်က တွေ့ရစဉ်။(ဓာတ်ပုံ၊ မင်းမင်း၊ မဇ္ဈိမ)တိုင်းရင်းသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အချိန်ရောက်နေပြီဖြစ်သဖြင့် တိုင်းရင်းသားခေါင်းဆောင်တို့ ပေါ့ဆ၍မရဟု ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။

ဝန်ကြီးဌာနများ လူပြောင်းကုစားခြင်းထက် မူပြောင်းရန် လိုအပ်ဟု အဖွဲ့များက ဝေဖန်

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်တာဝန်မှ နုတ်ထွက်ခဲ့ခြင်းနှင့် အစားထိုးခန့်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားလိုက်သည်။
ဝန်ကြီးဌာနများ၏ ၀န်ကြီး၊ ဒု-၀န်ကြီး ပြောင်းကုစားခြင်းမျိုးထက် ၀န်ကြီးဌာန၏ မူဝါဒ၊ စနစ်၊ လူနှင့် ဘဏ္ဍာ ငွေလုံလောက်မှုများ ပြောင်းလဲနိုင်မှသာ အဆိုပါဌာန တိုးတက်နိုင်မည်ဟု အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများကို

လမ်းဘေးဈေးသည်များကို ရောင်းချခွင့် ပိတ်တော့မည်


ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းဈေးရှိ လမ်းဘေးပျံကျဈေးသည်များကို မေလ ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းဈေးရှိ လမ်းဘေးပျံကျဈေးသည်များကို မေလ ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်အောက်တိုဘာလမှစတင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဘေးပျံကျဈေးသည်များ လုံးဝရောင်းချခွင့် ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အစိုးရအဖွဲ့ ကျွံနေသည့် ခြေလှမ်းများ ဦးရဲထွဋ် ပြန်ရုပ်ရန်လို


Deputy-Minister-of-Ministry-of-Information-and-Presidential-spokesman-Ye-Htutပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတ၏လျာထားခြင်းခံရသူ ဦးရဲထွဋ်သည် မီဒီယာတို့ကို အလွန်အကျွံအရေးယူခဲ့သည့် အစိုးရအဖွဲ့၏ ကျွံသွားသော ခြေလှမ်းကို ပြန်ရုပ်သိမ်းနိုင်ရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တွင် အူရီးဒူး ဆင်းမ်ကတ်များ ကိုယ်စားလှယ်များကို စပေးပြီ၊ ဆိုင်အချို့တွင်လည်း ဆင်းမ်ကတ်များ ရောင်းချ

30jl23ရန်ကုန်၊ မဇ္ဈိမ။             ။ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရ အူရီးဒူး ကုမ္ပဏီက ဇူလိုင် ၃ဝ ရက်တွင် ရန်ကုန်ရှိ အရောင်းကိုယ် စားလှယ်များကို ဆင်းမ်ကတ်များ စတင် ချထားပေးသည်ဟု ကိုယ်စားလှယ်အချို့က ဆိုပြီး ဆိုင်အချို့တွင်လည်း ဆင်းမ်ကတ်များ ရောင်းချခဲ့သည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက မဇ္ဈိမကို ပြောသည်။

မွေး/ရေလုပ်ငန်းများသို့ ထုတ်ချေးရန် တရုတ်ဘဏ်မှ ချေးငွေ ကန်ဒေါ်လာ ၁၆ သန်း ရရှိရေး ညှိနှိုင်းနေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ချေးငွေပိုမိုထုတ်ချေးပေးနိုင်ရန် တရုတ်နိုင်ငံရှိ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (China Export Import Bank) မှ ချေးငွေကန်ဒေါ်လာ ၁၆ သန်း ထုတ်ချေးပေးရန် အဆိုပြုလွှာတင်ပြထားရာ ညှိနှိုင်းမှုများ အဆင်မပြေပါက ချေးငွေယူမည်မဟုတ်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ဇူလိုင်လ ၂၉ ရက်တွင် မဇ်္ဈိမကို ပြောသည်။

အီးယူနှင့် ကန်တို့က ရုရှအား နောက်ထပ် ပိတ်ဆို့ အရေးယူ မှုများ လုပ်သွားမည်ဟု ကြေညာ

30jl8ဝါရှင်တန်၊ ဇူလိုင် ၃ဝ။ ဥရောပ သမဂ္ဂ (အီးယူ) နှင့် အမေရိကန် တို့က ရုရှသည် ယူကရိန်း အရှေ့ပိုင်းရှိ သူပုန်များကို ထောက်ပံ့ နေခြင်းနှင့် ပတ်သက်၍ အပြင်းထန်ဆုံး နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု အဖြစ် စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် ကာကွယ်ရေး ကဏ္ဍများကို ပစ်မှတ်ထား၍ နောက်ထပ် ပိတ်ဆို့ အရေးယူ မှုများ ပြုသွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်ဟု ဇူလိုင် ၃ဝရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင်  ဖော်ပြထားသည်။

သက်လတ်ပိုင်း အရွယ်တွင် အရက်သောက်ခြင်းကြောင့် မှတ်ဉာဏ် ဆုံးရှုံးမှုဖြစ်ပွားနိုင်

30jl13လန်ဒန်၊ ဇူလိုင် ၃ဝ။ သက်လတ်ပိုင်း အရွယ်တွင် အရက်သောက် ခြင်းသည် အသက်အရွယ် ကြီးရင့်သည့် အခါမှတ်ဉာဏ် ဆုံးရှုံးမှု အန္တရာယ် နှစ်ဆ ဖြစ်ပေါ် နိုင်ကြောင်း သုတေသီ များက ပြောကြား လိုက်သည်ဟု ဇူလိုင် ၃ဝရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင်  ဖော်ပြ ထားသည်။

အဝလွန်နေသော ဆရာဝန်များနှင့် သူနာပြုများ ကိုယ်အလေးချိန် လျှော့ချရမည်

30jl14ဗြိတိန်တွင် လူနာများ၏ စံပြကောင်း ဖြစ်လာစေရန် အတွက် အဝလွန် နေသော ဆရာဝန် များနှင့် သူနာပြု များအား ကိုယ်အလေးချိန် လျှော့ချ စေမည့် အစီအစဉ် တစ်ရပ်အား အမျိုးသား ကျန်းမာရေး အဖွဲ့မှ စဉ်းစားလျက် ရှိသည်ဟု ဂါးဒီးယမ်း သတင်းစာ၏ သတင်း တစ်ရပ်၌ ဖော်ပြ ထားသည်။

အော်ရီဒူးဆင်းကဒ် နံပတ်ပူးတစ်ကဒ် ကျပ်ခုနှစ်သောင်းထိဈေးမြင့်တက်

30jl16ဇူလိုင်၂၉ ရက်မှ စတင်ရောင်းချခဲ့သော အော်ရီဒူးဆင်းကဒ်များ မန္တလေးတွင် ဝယ်ယူသူများပြားခဲ့ပြီး ဖုန်းအရောင်းဆိုင်များတွင် နံပတ်ပူးဂဏန်းများကို တစ်ကဒ်လျှင် ကျပ်ခုနှစ်သောင်းဝန်းကျင် အထိ ဈေးမြင့်နေပြီး ဝယ်ယူရန်ပင် ခက်ခဲလျက်ရှိသည်ဟု ဆိုသည်။

ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး ဝေးနေဦးမည်လား

30jl15တောင်ကြီး၊ မဇ္ဈိမ။         ။ ရှမ်းပါတီနှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) တို့ နှစ်ပါတီ ပူးပေါင်းရေးအတွက် သြဂုတ် ၃ရက်တွင် နေပြည်တော်၌ တွေ့ဆုံညှိနှိုင်းရန် ကျားဖြူပါတီ(SNDP)ဘက်က ကမ်းလှမ်းမှုကို ကျားခေါင်းပါတီ (SNLD)က ရွှေ့ဆိုင်းထားသည်ဟု SNLD ပါတီ၏ ဗဟိုကော်မတီဝင် နှစ်ဖက်ပါတီ တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ဝင် ဦးစိုင်းခင်မောင်ညွန့် က ဇူလိုင် ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

နမ့်ခမ်းရှိ စစ်ပြေးဒုက္ခသည်အချို့ နေရပ်ပြန်ပြီ

ချင်းမိုင်၊ မဇ္ဈိမ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာအနီး အစိုးရ၏ စစ်တပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲ ငြိမ်းချမ်းနေ၍ မန်ပူးရွာမှ ထွက်ပြေးလာသည့် ဒေသခံများမှာ ဇူလိုင်လ ၂၈ရက်မှ စတင်ကာ နေရပ်သို့ ပြန်နေပြီဟု နမ့်ခမ်းမြို့မှ ယာယီဒုက္ခသည်စခန်းတာဝန်ခံ ဦးလျိုတေ့က မဇ္ဈိမကို ပြောသည်။

Tuesday, July 29, 2014

အမုန်းစကားကြောင့် အမုန်းမပွားစေရေးလှုပ်ရှားမှု မွတ်စလင်ရပ်ကွက်များတွင် ပြုလုပ်မည်

ဧပြီလအတွင်းက မန်းလေးမြို့တွင် ပြုလုပ်သော ပန်းစကားလှုပ်ရှားမှုကိုတွေ့ရစဉ်။ ဓာတ်ပုံ-မျိုးသန့်
ဧပြီလအတွင်းက မန်းလေးမြို့တွင် ပြုလုပ်သော ပန်းစကားလှုပ်ရှားမှုကိုတွေ့ရစဉ်။ ဓာတ်ပုံ-မျိုးသန့်အမုန်းပွားမှု လျှော့နည်းပပျောက်စေရန် “အမုန်းစကားကြောင့် အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ” လှုပ်ရှားမှုနှင့် အသိပေးစတေကာ ကပ်ခြင်းကို သြဂုတ်လ ၅ ရက်တွင် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ရပ်ကွက်များအတွင်း ပြုလုပ်သွားမည်ဟု မေတ္တာကမ်ပိန်းမှ အထက်မြန်မာပြည်တာဝန်ခံ ဦးညီညီကျော်က မဇ္ဈိမကို ပြောသည်။

အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့ဝင်များ နေရာရနိုင်ဟု တပ်မတော်သား သတိပေး

ပြည်သူ့လွှတ်တော်တွင် မြန်မာနိုင်ငံအတွက် သင့်လျော်မည့် ရွေးကောက်ပွဲစနစ် သုံးစွဲရေး အဆိုတင်သွင်းနေသည့် ဦးအောင်ဇင်ကို ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - စိုးသန်းလင်း
ပြည်သူ့လွှတ်တော်တွင် မြန်မာနိုင်ငံအတွက် သင့်လျော်မည့် ရွေးကောက်ပွဲစနစ် သုံးစွဲရေး အဆိုတင်သွင်းနေသည့် ဦးအောင်ဇင်ကို ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - စိုးသန်းလင်းအချိုးကျကိုယ်စားပြုစနစ် (ပီအာရ်)စနစ်ကို ကျင့်သုံးပါက လက်နက်ကိုင်အဖွဲ့အစည်းများ၊ အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း လွှတ်တော်တွင် နေရာရလာနိုင်သဖြင့် နိုင်ငံလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးတို့ကို ထိပါးလာနိုင်သည်ဟု တပ်မတော်သား အမတ်တစ်ဦးက သတိပေးခဲ့ပြီး သင့်လျော်သည့် ရွေးကောက်ပွဲစနစ် ရွေးချယ်ရန် ပြည်သူ့လွှတ်တော်က ကော်မရှင်ဖွဲ့ရန် ဆုံးဖြတ်ခဲ့သည်။

ပီအာရ်ကို ကန့်ကွက်၊ ကော်မရှင် ဖွဲ့မည်ကို မကန့်ကွက်ဟု ဒေါ်စုပြော

ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် လွတ်တော်အစည်းအဝေးအပြီး တွေ့ဆုံပြောကြားစဉ်။ ဓာတ်ပုံ - NLD
ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် လွတ်တော်အစည်းအဝေးအပြီး တွေ့ဆုံပြောကြားစဉ်။ ဓာတ်ပုံ - NLDအချိုးးကျကိုယ်စားပြုစနစ် (ပီအာရ်)ကို ပြည်သူ့လွှတ်တော်တွင် ကျင့်သုံးရေးဆိုသည့် ပုဇွန်တောင် လွှတ်တော်အမတ် ဦးအောင်ဇင်၏အဆိုအား ကန့်ကွက်ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်ရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရေးကို ကန့်ကွက်ခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့မီဒီယာများအား လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

အမြန်လမ်း ယာဉ်အန္တရာယ်လျှော့ချရေး Information Traffic Centre များ ထားမည်

ဓာတ်ပုံ-ဟောင်ဆာ (ရာမည)ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပေါ်နေသော ယာဉ်အန္တရာယ်များကို လျှော့ချရန်အတွက် နိုင်ငံတကာတွင် အသုံးပြုနေသော Information Traffic Centre များကို အမြန်လမ်းတွင် တည်ဆောက်တော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။

တရုတ်နယ်စပ်တွင် အစိုးရစစ်တပ်အရာရှိနှစ်ဦး သတ်ဖြတ်ခံရ


သျှမ်းပြည်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့ တရုတ်- မြန်မာနယ်စပ်၊ ရွှေလီမြစ် တစ်ဘက်ကမ်းရှိ မန့်ဟောင်း ကူးတို့ ဆိပ် လမ်းခွဲ နောင်မတာ ကျေးရွာအနီး၌ ဂျူလိုင်လ ၂၉ ရက်က အစိုးရ စစ်တပ်အရာရှိ နှစ်ဦး သတ်ဖြတ် ခံရ ကြောင်း သတင်း ရရှိသည်။

တာဖာဆောင်မှ SSPP/SSA ဆုတ်ခွာမည်မဟုတ်

အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ တာဖာဆောင်ဒေသကို ဆုတ်ခွာပေးတော့မည်မဟုတ်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းက ပြောသည်။ ဇူလိုင်၈ရက် နေပြည်တော်တွင် တွေ့ဆုံစဉ် အစိုးရက တပ်ဆုတ်ပေးရန် ပြောသည်ဟု ဆိုသည်။

ကိုရီးယားနိုင်ငံ အိစန်ကော်ပိုရေးရှင်းက တွံတေးတူးမြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် အဆိုပြုလွှာ တင်တော့မည်

အမေရိကန်ဒေါ်လာ ၂၆၉ သန်းကုန်ကျမည့် တွံတေးတူးမြောင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍ နောက်ဆုံး အဆိုပြုလွှာကို ကိုရီးယားနိုင်ငံ ISAN Corporation မှ ပညာရှင်များက သြဂုတ်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်သည်။

အိမ် ၁၃၄ လုံး ပျက်စီးစေခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်သွား

အမည်မသိသော်လည်း အားကောင်းသည်ဟုဆိုနိုင်သည် လေဆင်နှာမောင်းတစ်ခု ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်တိုင်းရှိ မြို့နယ် ငါးခုသို့ ဖြတ်တိုက်သွားရာ အိမ်ခြေ ၁၃၄ လုံးပျက်စီးသွားသည်ဟု ရန်ကုန်တိုင်း၊ မီးသတ်ဦးစီးဌာနမှ မဇ္ဈိမကို ပြောဆိုလိုက်သည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အစိုးရလက်မခံပါက နိုင်ငံရေးပြဿနာ ပြေလည်မည်မဟုတ်

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် အစိုးရလက်မခံသည့် ကာလပတ်လုံး နိုင်ငံရေးပြဿနာ ပြေလည်နိုင်မည်မဟုတ်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောလိုက်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ရုရှားအပေါ် အိုဘားမားချမှတ်

 ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ခွဲထွက်ရေး သူပုန်တွေအပေါ် ရုရှားက ထောက်ပံ့ပေးနေမှုကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားနိုင်ငံရဲ့ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေး အစရှိတဲ့ ကဏ္ဍတွေကို ဦးတည်ပြီးတော့ ချမှတ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အစ္စရေးလ်နဲ့ အပစ်ရပ်စဲရေး သဘောတူဖို့ Hamas ခေါင်းဆောင်ငြင်းဆို

 Hamas ဘက်က သူတို့လိုလားချက် မရသရွေ့တော့ အစ္စရေးလ်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မှာမဟုတ်ဘူးလို့ Hamas စစ်သွေးကြွ တပ်မှူးတဦးက ပြောလိုက်ပါတယ်။ အစ္စရေးလ်ကနေ ဂါဇာဒေသကို ပိတ်ဆို့ထားတာ အဆုံးသတ်ဖို့ဆိုပြီး Hamas အဖွဲ့ရဲ့ တောင်းဆိုချက်ကို အဲဒီတပ်မှူး Mohammad Deif က ပါလက်စတိုင်းမီဒီယာမှာ အင်္ဂါနေ့က ပြောဆိုသွားတာပါ။

NCCT ရဲ့ မူဝါဒ သဘောထားတွေ ချမှတ်နိုင်

 ကချင်လက်နက်ကိုင် အဖွဲ့ KIA ထိန်းချူပ်ရာ လိုင်ဇာမှာ တွေ့ဆုံနေကြတဲ့ NCCT အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ ရဲ့ ဂျူလိုင် ၂၉ ရက် အစည်းဝေး ကနေ၊တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တွေ့ဆုံတဲ့ အခါ NCCT ဘက်က ကိုင်စွဲမယ့် မူဝါဒ ရေးရာတွေ နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့တယ် လို့ သိရပါတယ်။

ဆက်လက် တိုက်ခိုက်မယ်လို့ ဟားမတ်စ်ပြော


ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ရဲ့ လက်နက်ကိုင် တပ်စွယ် ဖြစ်တဲ့ al - Qassam တပ်ရဲ့ ခေါင်းဆောင် က၊ သူတို့ အနေနဲ့ အစ္စရေးနဲ့ အပစ်ရပ်စဲဖို့ သဘောတူမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး သေဆုံး

 Sierra ​Leone ​နိုင်ငံမှာ ​ပြန့်နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကို ​ဦးဆောင်တိုက်ဖျက်နေတဲ့ ​ဆရာဝန်တစ်ဦးဟာ ​အဲဒီရောဂါနဲ့ ​သေဆုံးခဲ့ရပါတယ်။

ဒေါက်တာ ​Sheik ​Umar ​Khan ​ဟာ ​အီဘိုလာဗိုင်းရပ်စ်ပိုး ​တိုက်ဖျက်ရေးမှာ ​Sierra ​Leone ​နိုင်ငံရဲ့ ​ကျန်းမာရေး ​ခေါင်းဆောင်ဖြစ်ပြီး ​လူနာပေါင်း ​အယောက် ​၁၀၀ ​ကျော်ကို ​အောင်မြင်စွာ ​ကုသနိုင်ခဲ့တဲ့အတွက် ​နာမည်ကောင်းရခဲ့သူလည်း ​ဖြစ်ပါတယ်။

မြန်မာမှာ ကျားထိန်းသိမ်းရေး လုပ်ငန်း အခက်အခဲဖြစ်နေလို့ဆို

 မြန်မာနိုင်ငံနဲ့ ​တချို့အာဆီယံ ​အသင်းဝင် ​နိုင်ငံတွေမှာ ​ကျားအကောင်ရေနဲ့ ​ပတ်သက်ပြီး ​သတင်း အချက် အလက်တွေ ​မရှိတဲ့အတွက် ​ကျားထိန်းသိမ်းရေး လုပ်ငန်းမှာ ​အခက်အခဲ ​ဖြစ်နေရတယ်လို့ ​ကမ္ဘာ့တောရိုင်း သဘာဝ ​စောင့်ရှောက်ရေး အဖွဲ့ ​WWF ​က ​ပြောပါတယ်။

အော်ရီဒူး ဆင်းကဒ်တွေ သြဂုတ်(၁)ရက်နေ့ စတင်ရောင်းချမယ် (ရုပ်/သံ)

အ်ာရီဒူး တယ်လီဖုန်းဆင်းကတ်များကို သြဂုတ်လ ၁ ရက်နေ့မှာ စတင်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဦးမြတ်သူရက သတင်းပေးပို့ထားပါတယ်။ DVB TV - 29.07.2014

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း



 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၁၇/ ၂၀၁၄)
၁၃၇၆ ခုနှစ်၊ ၀ါခေါင်လဆန်း ၃ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

UWSA နှင့် မူးယစ်/ NCCT / တရုတ်အရေး

 ပြီးခဲ့တဲ့အပတ်ထဲက ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် အကြီးအကဲကို မြန်မာ့တပ်မတော် အကြီးအကဲ တွေကနေ ခေါ်ယူတွေ့ဆုံတယ်လို့ သတင်းတွေ ကြားရပါတယ်။ ဘယ်သူက ခေါ်ယူတွေ့ဆုံပါသလဲ။ ဘာအကြောင်းတွေ ဆွေးနွေးဖြစ်ပါသလဲ ။ UWSA ၀ တပ်ဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို သျှမ်းသံတော်ဆင့်က မေးမြန်းထားပါတယ်။

နူးကလီးယားစာချုပ် ရုရှားဖောက်ဖျက်ဟု အမေရိကန်စွပ်စွဲ

 ရုရှားနိုင်ငံက မြေပြင်ပစ် Cruise ဒုံးကျည်တခုကို စမ်းသပ်လိုက်တဲ့ အတွက် သမိုင်းဝင် နျူကလီးယား စမ်းသပ်မှု ပိတ်ပင်ရေး စာချုပ်ကို ချိုးဖောက်တယ်လို့ အမေရိကန်တို့က စွပ်စွဲ လိုက်ပါတယ်။

လိုင်ဇာထိပ်သီးအစည်းအဝေးပြီးဆုံး

 တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေရဲ့ လိုင်ဇာမြို့က အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားပြီး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေချိန်မှာပဲ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်တာတွေကို တပြိုင်တည်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံတကာရွှေဈေးငြိမ်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်း ယခုရက်ပိုင်းတွင် ဈေးအနိမ့်ပိုင်းတွင် တည်ငြိမ်နေ

ယခုနှစ် မတ်လမှ ဇွန်လဆန်းပိုင်းထိ တဖြည်းဖြည်း ကျဆင်းလာခဲ့သော ရွှေဈေးနှုန်းသည် ဇွန်လလယ်တွင် အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပြီး ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၇၅,၅၀၀ ဈေးဝန်းကျင်ဖြင့် ဇူလိုင်လကုန်ပိုင်းထိ ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်ဟု ပြည်တွင်းရွှေဆိုင်များက ဆိုသည်။

တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံပါက အပစ်ရပ်စာချုပ် လက်မှတ် ထိုးမည်ဟု လိုင်ဇာအစည်းအဝေးက ဆုံးဖြတ်


တိုင်းရင်းသားများ လိုလားသည့် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အ ပေါ် အစိုးရ လက်ခံပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုး မည်ဟု ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြုလုပ် သော တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် ဆွေး နွေး ဆုံးဖြတ်ထားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ဇူလိုင်လ ၂၈ရက်နေ့တွင် ပြောဆို လိုက်သည်။

၁ မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းပြောနိုင်မည့် မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှု

 ၁ လအတွင်း ဖုန်းနံပါတ် ၃ ခု ကို ဖုန်းပြောခ ၁ မိနစ် ၂၅ ကျပ်နဲ့ ဆက်သွယ်နိုင်မယ့် ပရိုမိုးရှင်း ၀န်ဆောင်မှုတခုကို မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာပါတယ်။

ADSLဒီ ပရိုမိုးရှင်း ၀န်ဆောင်မှု လိုချင်သူတွေဟာ ပုံမှန် ကိုယ်ဆက်သွယ်ပြော ဆိုလိုတဲ့ ဖုန်းနံပါတ် ၃ ခု မြန်မာ့ဆက် သွယ်ရေးက သတ်မှတ်တဲ့ နံပါတ်ဆီ မက်ဆေ့ခ်ျ ကြိုတင် ပေးပို့ ထားရမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် လေပြင်း တိုက်ခတ်မှုဖြစ်ပွား


 ၂၈.၇.၂၀၁၄ ရက်နေ့ညပိုင်းနှင့် ၂၉.၇.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတို့တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွမြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်တို့၌ လေဆင်နှာမောင်းနှင့် လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ ပါသည်။

က၀မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး


၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ရာ တောင်ဈေး ဖလုံကျေးရွာအတွင်းရှိ ၄ ပင်ပတ်လည် သွပ်မိုး၊ ပျဉ်ကာ၊ နေအိမ် ၄ လုံးနှင့် ၃ ပင်ပတ်လည် ဓနိမိုး၊ ထရံကာနေအိမ်(၁၃)လုံး အမိုးလန်၊ တန်ဘိုးငွေကျပ်(၁,၂၅၀,၀၀၀ိ/-)နှင့် ၄ ပင်ပတ်လည် ဓနိမိုး၊ ထရံကာနေအိမ် ၈ လုံးပြိုကျ၊

PR စနစ် မကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်

 ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ကို ပယ်လိုက်ပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲ စနစ်တစ်ခုကို အကောင်အထည် ဖော်နိုင်ရေး အတွက် ကော်မတီ တစ်ရပ်ဖွဲ့စည်းဖို့ ပြည်သူ့ လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

PR စနစ်အတည်ပြု မပြု မသေချာ

 PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု မဲစနစ်ကို လာမယ့် ရွေးကောက်ပွဲမှာ ကျင့်သုံးသင့် မသင့် ဆိုတာနဲ့ ပတ်သက်လို့ ဒီကနေ့ အင်္ဂါနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ ကြပါတယ်။

ပုဂ္ဂလိက မီဒီယာများနှင့် အစိုးရ တင်းမာမှု မြင့်နေချိန် ပြန်ကြားရေးဝန်ကြီးနုတ်ထွက်

ရန်ကုန်၊ မဇ္ဈိမ။           ။ ယူနတီဂျာနယ်မှ သတင်းထောက်များနှင့် အမှုဆောင်အရာရှိချုပ်တို့ကို ထောင်ဆယ်နှစ် ချခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပြီး ပုဂ္ဂလိက မီဒီယာများနှင့် အစိုးရအကြား တင်းမာမှုများ မြင့်လာပြီးနောက် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။

အူရီးဒူး ဆင်းမ်ကတ်များ မန္တလေးနှင့် နေပြည်တော်တွင် စတင် ရောင်းချပြီ

မဇ္ဈိမသတင်းဌာန ။                 ။ ပြည်တွင်း လိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော အူရီးဒူး၏ ဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်နှင့် မန္တလေးရှိ အရောင်းဆိုင် အချို့က စတင် ရောင်းချပေးနေသည်ဟု မိုဘိုင်းဆိုင်များနှင့် ကိုယ်တိုင် ဝယ်ယူခဲ့သူများက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

တိုက်ကြီးတွင် တပ်ရင်းနှစ်ရင်း သိမ်းထားသည့် လယ်မြေ ၄ဝဝ ပြန်ပေးရန် လွှတ်တော်တင်မည်

ရန်ကုန်၊ မဇ္ဈိမ။          ။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ရှိ တပ်ရင်းနှစ်ရင်းက သိမ်းဆည်းထားသည့် လယ်မြေများထဲမှ လယ်သမားများကို သီးစားပြန်လည်ချထားသည့် မြေဧက ၄ဝဝကို ပြန်လည်ပေးရန်နှင့် ယင်းသို့ ပြန်မပေးပါက ကာလပေါက်ဈေးအတိုင်း ပေးလျော်ရန် လွှတ်တော်အပါအဝင် အုပ်ချုပ်ရေးပိုင်းကို စာတင်မည်ဟု လယ်သမားအရေး ကူညီဆောင်ရွက်သူ ကိုနန္ဒအောင်က ဇူလိုင် ၂၉ရက်က မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ရန်ကုန်မြို့လယ် ယာဉ်တိုက်မှု ထွက်ပြေးသူဖမ်းမိပြီ

ရန်ကုန်၊မဇ္ဈိမ။           ။ ရန်ကုန်မြို့လယ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ် (ယခင်ကုန်သည်ကြီးများဟိုတယ်) အရှေ့တွင် ဇူလိုင် ၂၈ ရက် ည ၁ဝ နာရီ ကျော်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ထွက်ပြေးသွားသည့် ယာဉ်မောင်းကို ဇူလိုင် ၂၉ နံနက် ၄ နာရီတွင် ဖမ်းမိခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ပြောသည်။

မီဒီယာနှင့် အရပ်ဘက်အဖွဲ့များ၏ လုပ်ဆောင်မှုကို ဥပဒေပြဌာန်းကာ ဟန့်တားဟု ကုလကိုယ်စားလှယ်ပြော

29jl6မီဒီယာများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အစိုးရအနေဖြင့် ပြစ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းကာ ဟန့်တားရန် တရားရေးစနစ်ကို အသုံးပြုနေခြင်းကို မြန်မာနိုင်ငံသို့ ၁ဝရက်ကြာ လာရောက်လေ့လာခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ဇူလိုင်လ ၂၈ရက်က ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာရုံးက ထုတ်ပြန်ချက်တွင် ထောက်ပြ ပြောဆိုလိုက်သည်။

စည်းကမ်းဖောက်သည်ဆိုကာ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးကို ကျောင်းထုတ်ပယ်

နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ကျောင်းစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အဆင့်ဆင့်ခေါ်ယူ သတိပေးမှုများ မလုပ်ဘဲ ကျောင်းသူကျောင်းသား ၁၁ ဦးကို ဆရာ၊ ဆရာမများ၏ ဆိုဆုံးမမှုကို မနာခံခြင်း၊ ကျောင်းကန်တင်းတွင် ဖဲဝိုင်းလောင်းကစားမှုပြုလုပ်ခြင်းစသည့် ကျောင်းစည်းကမ်းဖောက်ဖျက်သည့်ပြစ်မှု ကို ကျူးလွန်ခဲ့သည်ဟုဆိုကာ ၂၀၁၃-၁၄ ခုနှစ် လက်ရှိစာသင်နှစ်တစ်နှစ်ကျအဖြစ် ဒုတိယပါမောက္ခချုပ် လက်မှတ်ဖြင့် ဇူလိုင် ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

မြောက်ဦး ရထားလမ်းစီမံကိန်းကို လေ့လာရန် နိုင်ငံတကာ သုတေသနပညာရှင်များ ဖိတ်ခေါ်မည်

မြောက်ဦး ယဉ်ကျေးမှုနယ်မြေအတွင်း ဖြတ်သန်းဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းကို ပြန်လည်ဖောက်လုပ်နိုင်ရန် ယဉ်ကျေးမှုနယ်မြေများ ထိခိုက်ခြင်းရှိမရှိ နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်များ ဖိတ်ခေါ်မည်ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးလှဟန်က မဇ္ဈိမကို ပြောသည်။

ကြားဖြတ်တွင် အခက်အခဲရှိပါက ၂၀၁၅ မတိုင်မီ မဲဆွယ်ခွင့် ညွှန်ကြားချက် ပြန်လည်ပြုပြင်မည်

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆင်မပြေမှုများရှိပါက၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်ပြန်ပြင်ပေးမည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဇူလိုင် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းမှ မြန်မာလွတ်မြောက်ရေး ကော်မတီဖွဲ့ကြိုးပမ်းတော့မည်

ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း(LDC-Least Developed Country) မှ လွတ်မြောက်နိုင်ရေး ဒုတိယသမ္မတတစ်ဦး ဦးဆောင်သည့် ကော်မတီတစ်ရပ် ရက်ပိုင်းအတွင်း ဖွဲ့စည်းဆောင်ရွက်ရန်ရှိသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်က ပြောသည်။

ကချင်စခန်းနှစ်ခု မြေပြိုနိုင်သည့်နေရာမှ မပြောင်းနိုင်သေး

ကချင်ပြည်နယ်၊ မန်စီ -ဗန်းမော်မြို့နယ် အနီးရှိ တောင်စောင်းများတွင် ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်စခန်း နှစ်ခုမှာ မြေပြိုမှုအန္တရာယ်စိုးရိမ်ရသဖြင့် ပြောင်းရွှေ့ရမည်ဖြစ်သော်လည်း ပြန်လည်နေရာချထားရန် မြေနေရာ အခက်အခဲကြုံနေရသည်ဟု မန်စီ-ဗန်းမော်မြို့နယ်အခြေစိုက် ကချင်အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် ကက်သလစ်ကရုဏာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ခံကို နော်ဒင့်က မဇ္ဈိမကို ပြောသည်။
 
Blogger Templates