မြန်မာနိုင်ငံမှ တမလန်းသစ်ကို တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်ယူသဖြင့်မှောင်ခိုလမ်း ကြောင်းများမှတစ်ဆင့် ကြယ်ခေါင်၊ရွှေလီမြို့များသို့ တရားမဝင်တင် ပို့မှုများပြားလာ၍ ထိရောက်သည့်အရေးယူမှုပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
Monday, June 30, 2014
နိုင်ငံခြားဘဏ်များ ပြည်တွင်းဘဏ်များအပေါ် လွှမ်းမိုးမည်ကို မစိုးရိမ်ရန် ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော
နိုင်ငံခြားဘဏ်များအား လုပ်ကိုင်ခွင့်ပြုရာတွင် ပြည်သူ များအား တိုက်ရိုက်ငွေချေး၊ ငွေ အပ်လို့ရသည့် (Retail Banking) စနစ်ကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု(သို့) ပြည်တွင်းဘဏ်များကို ၀န်ဆောင်မှုပေးခြင်းမျိုးသာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင် ကပြောသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လူမှုရေးခက်ခဲသော မြို့နယ်များရှိ ကျောင်းသားများ အမှတ်စာရင်းမလိုဘဲ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ လျှောက်ထားနိုင်
ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ ယခုနှစ်ပညာသင် နှစ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် လူမှုရေးခက်ခဲ သော မြို့နယ်များမှ တိုင်းရင်း သားကျောင်းသားများကို အမှတ် ကန့်သတ်ခြင်းမရှိဘဲ ဦးစားပေး ခေါ်ယူသွားမည်ကြောင်း သတင်းရရှိသည်။
ဒိုက်ဦးမြို့တွင် ဓာတ်ကြိုးပြတ်ကျ၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရ
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ တွင် လျှပ်စစ်ကြိုးသွယ်တန်းထား သော ဓာတ်တိုင်မှ ဗို့အား ၁၁ ကေဗီရှိ ဓာတ်ကြိုးပြတ်ကျရာ ဓာတ်လိုက်ပြီး တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိကြောင်း သ တင်းရရှိသည်။
မလေးရှားသို့ ဖျော်ဖြေရေးလုပ်ငန်းများမှလွဲ၍ မြန်မာအမျိုးသမီးလုပ်သား တိုးချဲ့စေလွှတ်ရန် ယာယီခွင့်ပြု
မြန်မာအမျိုးသမီး အ လုပ်သမားများကို မလေးရှားနိုင်ငံသို့ ဖျော်ဖြေရေးလုပ်ငန်းမှအပ ကျန်လုပ်ငန်းများ တရားဝင်စေ လွှတ်ခွင့်ကို အေဂျင်စီများအား ယာ ယီသဘောတူခွင့်ပြုပေးထား ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအသင်းချုပ်မှ သတင်း ရရှိသည်။
၅၉ နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာကာချုပ် ဖိလစ်ပိုင်သို့ ချစ်ကြည်ရေးခရီးသွား
နှစ်နိုင်ငံသံတမန်ဆက် ဆံမှု (၅၉)နှစ်တာကာလအတွင်း မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအနေဖြင့် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ဖိ လစ်ပိုင်သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ် ချစ်ကြည်ရေး ခရီးစဉ် ထွက်ခွာသွားခဲ့ပြီး ထိုင်းနိုင်ငံသို့ လည်း ဒုတိယ တစ်ခေါက်သွား ရောက်ဦးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
အမျိုးသားပညာရေးဥပဒေကြမ်းကို ထပ်မံဖြည့်စွက်မည်
အမျိုးသားလွှတ်တော် တွင် ဆွေးနွေးဆဲဖြစ်သော အမျိုး သား ပညာရေး ဥပဒေကြမ်းကိုလွှတ်တော်တွင် ပါဝင်ဆွေးနွေး သည့် ကိုယ်စားလှယ်ရှစ်ဦး၏ အကြံပြုချက်များ ထည့်သွင်းပြင်ဆင်ရေးဆွဲ၍ အမျိုးသားလွှတ် တော်သို့ အစီရင်ခံစာထပ်မံတင်သွင်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြော သည်။
လှိုင်သာယာရှိ မူလတန်းကျောင်းငါးဆယ်ကျော်တွင် ကျောင်းတက် ကျောင်းဆင်းချိန် လုံခြုံရေးဆောင်ရွက်
လှိုင်သာယာမြို့နယ်ရှိ မူလတန်းအဆင့် သင်ကြားနေ သော ကျောင်းများတွင် ကျောင်း သား၊ ကျောင်းသူများဘေးကင်း လုံခြုံရန် ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်တို့တွင် ဇွန် လ ၂၆ ရက်မှစ၍ လုံခြုံရေးဆောင်ရွက်ပေးနေသည်။
ထိခိုက်ဒဏ်ရာရ အရေးပေါ်လူနာများအား ဆေးကုပေးရန် ပျက်ကွက်သည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို ထောင်ဒဏ်ချမှတ်နိုင်သော ဥပဒေကြမ်းလွှတ်တော်တင်
ထိခိုက်ဒဏ်ရာရ ရှိသော အရေးပေါ် လူနာများအား ဆေးကုသမှု မပေးသည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို ဆေးကုသမှုဆိုင်ရာ လိုင်စင်ရုပ်သိမ်းခြင်းနှင့်အချိန်မီဆေးကု သမှုပေးရန် တာဝန်ပျက်ကွက်သူ ကိုလည်း ထောင်ဒဏ်ချမှတ်နိုင် သည့် ဥပဒေကြမ်းကို ဇွန်လ ၃၀ ရက်တွင် ကျင်းပသောပြည်သူ့ လွှတ်တော်အစည်းအဝေးသို့တင် သွင်းလိုက်ကြောင်း သတင်းရရှိ သည်။
ပေါင်းလောင်းကွင်းနှင့် ပတ်သက်၍ အားကစားဝန်ကြီး ဖြေကြားချက် ဒေသခံများမကျေနပ်
နေပြည်တော် ပေါင်းလောင်းဘောလုံးကွင်းကို နှစ် ၃၀ ငှားရမ်းခွင့် သတ်မှတ် လိုက်ပြီး ဆက်လက်ဆောင်ရွက် သွားရန်အမေးကို အားကစားဝန် ကြီး ဦးတင့်ဆန်းက လွှတ်တော်၌ပြန်လည်ဖြေကြားထားသည်ကို မြို့မိမြို့ဖများနှင့် ဒေသခံများက ကျေနပ်မှုမရှိ ကြောင်းပြောသည်။
ဦးဆန်းဆင့် ပြစ်မှုမှ ကင်းလွတ်ရေး ဧရာဝတီတိုင်းသားများ ဆန္ဒထုတ်ဖော်ပွဲ လမ်းမကြီးမှ ဖြတ်သန်းခွင့်မပြု
ပုသိမ်၊ မဇ္ဈိမ။ ။ သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူပြီး ရာထူးမှ အနားပေးလိုက်၍ ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေးအတွက် ဧရာဝတီတိုင်းသားများက ဇူလိုင်လ ၁ရက် နံနက်က ပုသိမ်မြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ရာ ပုသိမ်မြို့ရှိ အဓိကလမ်းမကြီးဖြစ်သည့် မဟာဗန္ဓုလလမ်းမှ ဖြတ်သန်းသွားခွင့်မပြုဘဲ လူနေရပ်ကွက်များထဲမှ လမ်းသွယ်များမှသာ ဖြတ်သွားခွင့် ပြုခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်အောင် ဆောင်ရွက်ရန် အမျိုးသား လွှတ်တော်က အစိုးရအား တိုက်တွန်းမည်
ပြည်တွင်းငြိမ်း ချမ်းရေး အောင်မြင်အောင် ဆက် လက်ဆောင်ရွက်ရန် ပြည်ထောင် စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို လက်ရှိကျင်းပ နေဆဲ အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ဇွန်လ ၃၀ ရက်တွင်ကျင်းပ သော အမျိုးသားလွှတ်တော်တွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်နေသူများကို ကျေးဇူးတင် ရှိကြောင်း မှတ်တမ်းတင်ရန်နှင့် ငြိမ်းချမ်းရေးကို အောင်မြင်သည် အထိ ဆက်လက်အကောင်အ ထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်း အဆို တင်သွင်း ခဲ့ပြီး လွှတ်တော်က ယင်းအဆိုကို ဆွေးနွေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
အလုပ်လုပ်နိုင်သောအရွယ်ကောင်းများ သေဆုံးမှု၏ ၁၀ ရာခိုင်နှုန်းမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်
အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ ၁၀ ဦးသေဆုံးမှုတွင် တစ်ဦးမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)၏ လေ့လာမှုတစ်ရပ်အရ သိရသည်။
ပင်စင်ပေးခံရသော ဒေါက်တာကျင်ဌေး၏ နစ်နာမှုများအတွက် ဆရာ၊ ဆရာမများအဖွဲ့ချုပ် တောင်းဆို
မယူမနေရ ပင်စင်ပေးခံ ခဲ့ရသော ရန်ကုန်အဝေးသင် တက္ကသိုလ်စီးပွားရေးဌာန ဌာနမှူးဒေါက်တာကျင်ဌေး၏ လစာ၊ ရာထူးနှင့် လုပ်သက်နစ်နာမှုများကို ပြန်လည်ကုစားပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက် သည်။
ထွန်တုံးတိုက်ပွဲ တိုက်ခိုက်ခံရတော့မလား
တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေပေါ်မှာ ထွန်တုံးတိုက်ပွဲဆင်နွှဲမယ့် တောင်သူတွေကို တပ်မတော် တပ်ရင်း ၄၂ နဲ့ တပ်မ ၃၃ တို့က ပိတ်ဆို့ဝန်းရံထားပါတယ်။
မိုးထိမိုးမိဒေသ ရွှေလုပ်သားများ ထောင်ဒဏ် ၉ လစီ ချမှတ်ခံရ
မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ က ရွှေလုပ်သား ၄ ဦးနဲ့ သူတို့ကို အကူအညီပေးသူ မုံရွာမြို့နယ်က ကိုရာဇာတို့ကို ဒီနေ့ ရမည်းသင်းမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင် ဒဏ် ၉ လစီ ချမှတ်လိုက်ပါတယ်။
တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ နှစ်နိုင်ငံသဘောတူ
သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ၄ ရက် ခရီးနောက်ဆုံးနေ့မှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟုန်းလီ (Hong Lei) က တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်းဆောင်ရွက်သွားဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်သွားဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေကြား သဘောတူညီမှု ရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ကြိုတင်အသိပေးခြင်းမရှိဘဲ ဖန်ပုလင်းစားသောက်ကုန်များ UWSA မှ ရောင်းဝယ်ခွင့်ပိတ်ပင် လူထုအခက်တွေ့
UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ အတွင်း ဖန်ပုလင်းဖြင့် ထည့်သွင်း ထားသည့်မည်သည့် စားသောက်ကုန်ပစ္စည်းများမဆို ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံ များကပြောပါသည်။
တာရှင်းအထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား နှစ်ထောင်ခန့်နှင့် အလုပ်ရှင်တို့ ပြေလည်မှုရရှိ
ရန်ကုန်၊ မဇ္ဈိမ။ ။ မင်္ဂလာဒုံစက်မှုဇုန်ဝင်း အတွင်းရှိ တာရှင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား နှစ်ထောင်ခန့်သည် ဇွန်လ ၃ဝရက် နံနက် ၇ခွဲမှ စတင်ဆန္ဒပြခဲ့ပြီး နေ့လည်ပိုင်းတွင် အလုပ်ရှင်နှင့် ညှိနှိုင်းကာ ပြေလည်မှုရရှိခဲ့သည်ဟု ယင်းစက်ရုံ အထည်စစ်ဌာန ဝန်ထမ်း မစန္ဒာဝင်းက မဇ္ဈိမကို ပြောသည်။
ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် e-Visa စနစ်ကို သြဂုတ်လတွင် စမ်းသပ်အသုံးပြုမည်
ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် အွန်လိုင်းမှ လျှောက်ထားနိုင်မည့် e-Visa စနစ်ကို သြဂုတ်လတွင် စတင်စမ်းသပ်ကျင့်သုံးသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။
အလှမယ်များကို ပံ့ပိုးကြသည့် အေဂျင်စီများ မပံ့ပိုးခင် စာချုပ်များပြုလုပ်ရန်လိုအပ်
ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ကြရာတွင် ပြိုင်ပွဲမဝင်ခင်က ပံ့ပိုးပေးသူများ၏ လမ်းစဉ်အတိုင်း လိုက်နာ ကြသော်လည်း အောင်မြင်မှု များ ရရှိသွားသည့်အခါ တွင်၎င်းတို့၏နောက်ကွယ်မှ ပံ့ပိုးပေးကြ သူများနှင့် ပြဿနာများ ဖြစ်ကာ အဆင်မပြေ ဖြစ်လာကြသည်များ ရှိလာကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသစ်က လျှပ်စစ်မီတာခ ဆယ်ယူနစ်ထပ်မံလျော့ချပေးမည်ဟုဆို
ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် အနေဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခများ ယခင်က ဆယ်ယူနစ်သာ သုံးပါက တစ်ယူနစ် ၃၅ ကျပ်ဈေးဖြင့် ကောက်ခံရာမှ ယခု ယူနစ်၂ဝ အထိ ၃၅ကျပ် နှုန်းဖြင့်သာ ကောက်မည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်မောင်မောင်အုန်းက မဇ္ဈိမကို ဇွန်လ ၃ဝ ရက်က ပြောကြားလိုက်သည်။
ထွန်တုံးတိုက်ပွဲဝင်နေသည့် နေရာတွင် စစ်တပ်က သေနတ် ၄၈ချက် ပစ်ဖောက်ခဲ့ဟုဆို
Written by မြတ်မင်း
မန္တလေး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာတွင် စစ်တပ်က သိမ်းဆည်းမြေ ဧက ၃ဝဝကျော်ကို ပြန်ရရန် ဇွန်လ ၈ရက်မှ စကာ ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သည်ကို ဇွန်လ ၃ဝရက် နံနက် ၆နာရီကျော်က စစ်ကား ခြောက်စီး ရောက်လာပြီး စစ်သား ၁ဝဝခန့်က ဝိုင်းထားပြီး နံနက် ၁ဝနာရီခန့်တွင် သေနတ် ၄၈ချက် ဖောက်ခဲ့သည်ဟု မြေမွန်ကျေးရွာမှ လယ်သိမ်းဆည်းခံ တောင်သူ ကိုစောမွန်က မဇ္ဈိမကို ပြောသည်။
KNU ဥက္ကဋ္ဌဟောင်း တာမလာဘောကို KNLA ဌာနချုပ်တွင် ဂူသွင်းမြှပ်နှံ
ချင်းမိုင်၊ မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော၏ ဈာပနသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လူထု ၂ဝဝဝ ခန့် လိုက်ပါ ပို့ဆောင်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ သေဘေထ(Thaybayta)ရှိ သူရဲကောင်းများ မြှပ်နှံသည့် နေရာတွင် ဇွန် ၃ဝရက်က ဂူသွင်းသဂြုင်္ိလ်ခဲ့သည်ဟု KNU စည်းရုံးရေးဌာန တာဝန်ခံလည်းဖြစ်၊ ဈာပန အခမ်းအနားအကျင်းပရေး တွဲဘက်အတွင်းရေးမှူး ပဒိုစောလှထွန်းက မဇ္ဈိမကို ပြောသည်။
လူထုလုံခြုံမှုနှင့် ပြည်သူ့အသံ
လွန်ခဲ့သည့် သီတင်းပတ်က ရန်ကုန်မြို့တွင် ဓာတ်ကြိုးပြတ်ကျပြီး ဓာတ်လိုက်သဖြင့် ကုန်စိမ်းရောင်းနေသူတစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။ ရန်ကုန်မြို့တွင် နိစ္စဓူဝအလုပ်များလုပ်ကိုင်ရင်း လုံခြုံမှုမရှိသော ပတ်ဝန်းကျင်အခြေအနေကြောင့် ကွယ်လွန်ခဲ့ရသည်မှာ ၎င်းတို့နှစ်ဦးက ပထမဆုံးမဟုတ်ပါ။ ရေလျှံစဉ် ကျောင်းမှပြန်လာရင်း၊ အလုပ်မှပြန်လာရင်း မြောင်းထဲပြုတ်ကျ၍ ရေနစ်သေဆုံးသူများလည်းရှိခဲ့သည်။
အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု အတိုင်းအတာတစ်ခုထိသာ သက်ရောက်နိုင်ဟုဆို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့်တို့ လုပ်ဆောင်နေသည့် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများသည် အတိုင်းအတာ တစ်ခုအနေဖြင့်သာ ဥပဒေပြင်ဆင်ရေးကို သက်ရောက်မှုရှိနိုင်သည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) က ပြောကြားလိုက်သည်။စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်စေရန်နှင့် ငြိမ်းချမ်းရေးရရန် မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြင်ဆင်ရမည်ဖြစ်သော ကြောင့် လွှတ်တော်တွင်း၊ လွှတ် တော်ပြင်ပမှ နိုင်ငံရေးပါတီများ နှင့် ပြည်သူများပူးပေါင်းဆန္ဒထုတ် ဖော်၍ ကြိုးပမ်းခြင်းသာဖြစ် ကြောင်း UNA အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဦးအေးသာအောင်က ပြောသည်။
ပြည်ပတွင် ပညာသင်လိုသူများနှင့် စကော်လာငါးမျှားချိတ်
ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အောင်မြင်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့ရရှိခဲ့သည့် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ထုတ်ယူကြည့်ရှုကာ မိမိတက်ရောက်နိုင်သည့် တက္ကသိုလ်များကိုလည်း ခန့်မှန်းရွေးချယ်နိုင်ပြီဖြစ်သည်။
တက္ကသိုလ်၊ ကောလိပ်များတွင် အင်တာနက်အသုံးပြုနိုင်ရန် သမ္မတညွှန်ကြား
တက္ကသိုလ်၊ ကောလိပ် အားလုံးတွင် အင်တာနက်အသုံး ပြုနိုင်ရေးဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနသို့ ညွှန်ကြား ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။
လှည်းတန်းခုံတံတားအတက် လမ်းလယ်တုံးများလွင့်စဉ်သည်အထိ ကားတစ်စီးဝင်တိုက်
ဇွန်လ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က လှည်းတန်း ခုံးကျော်တံတားအနီး ပြည်လမ်းမပေါ်တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး
ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေးဦး ဒဏ်ရာရခဲ့သည်။ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင် လမ်းလယ်ကျောက်တုံးကိုတိုက်ကာ တစ်ပတ်လည်သွားခဲ့ကြောင်း မျက်မြင်တွေ့သူများက
ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေးဦး ဒဏ်ရာရခဲ့သည်။ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင် လမ်းလယ်ကျောက်တုံးကိုတိုက်ကာ တစ်ပတ်လည်သွားခဲ့ကြောင်း မျက်မြင်တွေ့သူများက
ဘိန်းဘုရင်သားကို ကနေဒါအစိုးရလက်ခံမှု ပြစ်တင်ဝေဖန်ခံရ
ကနေဒါပြည်ထောင်စု အစိုးရ သည် အာရှကုန်သွယ်မှုကိုယ်စား လှယ်အဖွဲ့တွင်ပါဝင်သူ၊ အာရှ တွင် နာမည်ဆိုးဖြင့် ကျော်ကြား သူ၊ ကြွယ်ဝချမ်းသာသူများထဲမှ တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံမှ ဦးစတီဗင်လောကို လက်ခံကြိုဆို လိုက်ကြောင်း The Province သတင်းတွင် ဖော်ပြသည်ယခင်စစ်အစိုးရကို ထောက် ခံအားပေးခဲ့သူ၊ ဘိန်းဘုရင်လော် စစ်ဟန်၏သားကို အမေရိကန် နိုင်ငံက စီးပွားရေးပိတ်ဆို့အရေး ယူထားသည်။ ဦးစတီဗင်လောပါ ဝင်သော အဆိုပါအာရှကုန်သွယ် မှုကိုယ်စားလှယ်အဖွဲ့သည် တိုရန် တိုနှင့် ဗင်ကူးဗားမြို့တို့တွင် ဝန်ကြီးချုပ် ခရစ်တီကလပ်နှင့် ကက်ဘိနက်ဝန်ကြီး တယ်ရီစာဝပ်တို့နှင့် တွေ့ဆုံခဲ့သည်။
အမြန်လမ်းတွင် ကီလို (၈၀)ထက် ပိုမမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ်နေ
အမြန်လမ်းကို အသုံးပြု သွားလာနေသော ယာဉ်များကို ကီလို ( ၈၀) ထက်ပို မမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်း က ပြောသည်။ ကီလို(၈၀)နဲ့ ကျွန်တော်တို့ တင်ပြထားတယ်။ ကျွန်တော်တို့ က အမိန့်ထုတ်လို့ မရဘူး။ ဒါကြောင့် တင်ပြထားတယ်။ ကျွန်တော် ထင်တယ်။ ရထား ပို့ဆောင်ရေးက ထွက်လာမလား၊ ဆောက်လုပ်ရေးက ထွက်လာမလား ဆိုတာ။ ပြည်ထဲရေး ကတော့ အဲဒီအမိန့် ထွက်လာမှာ မဟုတ်ဘူး။
အိမ်၊ ဆိုင်၊ မြေ ငှားရမ်းခများကို အခွန်ဆောင်ရန် တင်ပြလာသူ တစ်ဦးမျှမရှိသေး
ရန်ကုန်၊ မဇ္ဈိမ။ ။ အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်နှင့် စက်ရုံ အဆောက်အအုံများ ငှားရမ်းခြင်းဖြင့် ရရှိသည့် ၀င်ငွေများကို အခွန် ကောက်ခံနိုင်ရေး အတွက် တင်ပြရန် ဇွန်လမှ စတင် ကြေညာ ထားသော်လည်း လက်ရှိအချိန်အထိ လာရောက်တင်ပြသူ တစ်ဦးမျှ မရှိသေးဘူးဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ
အရာထမ်း ၀န်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။
မြို့ပတ်ရထားကို အဓိပတိ ခရီးသည်တင်ယာဉ် ဝင်တိုက်
မန္တလေးတွင်ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ယူရာ၌ ဥပဒေများနှင့်ငြိစွန်းသည်ဆိုပြီး သတိပေးခံရ
Sunday, June 29, 2014
ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး
သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။
ငွေဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း ကျခံနိုင်သော ပြစ်ဒဏ်များကို ထည့်သွင်းထားသော်လည်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ထပ်မံဆွေးနွေးဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ငွေဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း ကျခံနိုင်သော ပြစ်ဒဏ်များကို ထည့်သွင်းထားသော်လည်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ထပ်မံဆွေးနွေးဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မိုးသည်းပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ရပ်ကွက်အချို့ ရေမြုပ်
မိုးသည်းထန်စွာ ရွာသွန်း ပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်သုံးခု တွင် ဇွန်လ ၂၉ ရက် နံနက်မှ စတင်ကာ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။
ဖားကန့်မြို့အထက်ပိုင်းရှိ ကန်စီးဒေသတွင် မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျ ချောင်းရေများ ဥရုချောင်းအတွင်း စီးဆင်းပြီး ချောင်းရေလျှံကာ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတော၊ မြို့မ နှင့် အေးသာယာရပ်ကွက်များ တွင် အိမ်ခြေတစ်ရာကျော် ရေနစ် မြုပ်နေကြောင်း ဖားကန့်မြို့မရဲ စခန်းနှင့် ဒေသခံများက ပြော သည်။
ဖားကန့်မြို့အထက်ပိုင်းရှိ ကန်စီးဒေသတွင် မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျ ချောင်းရေများ ဥရုချောင်းအတွင်း စီးဆင်းပြီး ချောင်းရေလျှံကာ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတော၊ မြို့မ နှင့် အေးသာယာရပ်ကွက်များ တွင် အိမ်ခြေတစ်ရာကျော် ရေနစ် မြုပ်နေကြောင်း ဖားကန့်မြို့မရဲ စခန်းနှင့် ဒေသခံများက ပြော သည်။
တရုတ်ယဉ်ကျေးမှုဌာနများ မြန်မာတွင်ဖွင့်မည့်ကိစ္စ ဝေဖန်မှုများရှိ
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် အပြန်အလှန် ယဉ်ကျေးမှုစင်တာများ ဆောက်လုပ်ရန် သဘောတူညီမှုလက်မှတ်များ ရေးထိုးခဲ့ကြသည့်အတွက် မြန်မာနိုင်ငံတွင် တရုတ်ယဉ်ကျေးမှုဌာနများ ရှိလာတော့မည်ဖြစ်သည်။
“ဒီတစ်ခေါက် လာရောက်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှိနှင့်ပြီးသား အပြန်အလှန်ဆက်ဆံရေးနဲ့ ရင်းနှီးမှုတွေရဲ့ ခိုင်မာဖွံ့ဖြိုးလာအောင် မြှင့်တင်ဖို့ပါပဲ”ဟု ဦးသိန်းစိန်က ဆိုသည်။
မြန်မာနိုင်ငံတွင် တရုတ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းများစွာ ရှိနေပြီး မြန်မာလူထုအနေနှင့်လည်း တရုတ်အကျိုးပြုလုပ်ငန်းများဟုဆိုကာ ဆန္ဒပြမှုများ၊ ဝေဖန်ကန့်ကွက်မှုများ ရှိနေချိန်တွင် သမ္မတဦးသိန်းစိန်က သဘောတူညီခဲ့ခြင်းဖြစ်သည်။
“စစ်အစိုးရခေတ်မှာတော့ အစိုးရနဲ့ ဆက်ဆံလို့ အဆင်ပြေရင် လုပ်ချင်တာလုပ်လို့ရတာကိုး ဒီမိုကရေစီခေတ်ဘက်ကျတော့ အစိုးရတစ်ရပ်နဲ့ ပြေလည်တိုင်း စိတ်ကြိုက်လုပ်လို့ မရတော့ရဘူး။ ဒါကြောင့် ပြည်သူကိုပါ စည်းရုံးရမယ်ဆိုတဲ့ အတွေးအမြင်တွေ သူ့မှာရသွားလို့ တစ်ဖက်လှည့်အနေနဲ့ သူတို့အကျိုးစီးပွားတွေ မယုတ်လျော့အောင် ဖန်တီးတော့မယ်ဆိုတာ ဒီယဉ်ကျေးမှုစင်တာတွေ လာဖွင့်တော့မယ်ဆိုတာ လုပ်ရပ်တွေပါပဲ”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ဆိုသည်။
သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတနှင့်အတူ သဘောတူညီမှုများစွာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟုဆိုသော်လည်း အခြားသဘောတူညီများကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
“ကိုယ့်ယဉ်ကျေးမှုကို ဆောင်ရွက်ဖို့တောင်မှ ကျွန်မတို့ဆီမှာ ဒီကနေ့အားလုံး ကြိုးစားရတဲ့ကာလအတွင်းမှာ သူများ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ကိုယ့်တိုင်းပြည်ထဲကို သွတ်သွင်းလာကြမယ်ဆိုရင်တော့ ဒါကတော့ စဉ်းစားစရာတွေ ရှိနေတာပေါ့။ ဒါကတော့ အလွယ်တကူ ခွင့်မပြုသင့်တဲ့ ကိစ္စတွေပါပဲ”ဟု လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
“ဒီတစ်ခေါက် လာရောက်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှိနှင့်ပြီးသား အပြန်အလှန်ဆက်ဆံရေးနဲ့ ရင်းနှီးမှုတွေရဲ့ ခိုင်မာဖွံ့ဖြိုးလာအောင် မြှင့်တင်ဖို့ပါပဲ”ဟု ဦးသိန်းစိန်က ဆိုသည်။
မြန်မာနိုင်ငံတွင် တရုတ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းများစွာ ရှိနေပြီး မြန်မာလူထုအနေနှင့်လည်း တရုတ်အကျိုးပြုလုပ်ငန်းများဟုဆိုကာ ဆန္ဒပြမှုများ၊ ဝေဖန်ကန့်ကွက်မှုများ ရှိနေချိန်တွင် သမ္မတဦးသိန်းစိန်က သဘောတူညီခဲ့ခြင်းဖြစ်သည်။
“စစ်အစိုးရခေတ်မှာတော့ အစိုးရနဲ့ ဆက်ဆံလို့ အဆင်ပြေရင် လုပ်ချင်တာလုပ်လို့ရတာကိုး ဒီမိုကရေစီခေတ်ဘက်ကျတော့ အစိုးရတစ်ရပ်နဲ့ ပြေလည်တိုင်း စိတ်ကြိုက်လုပ်လို့ မရတော့ရဘူး။ ဒါကြောင့် ပြည်သူကိုပါ စည်းရုံးရမယ်ဆိုတဲ့ အတွေးအမြင်တွေ သူ့မှာရသွားလို့ တစ်ဖက်လှည့်အနေနဲ့ သူတို့အကျိုးစီးပွားတွေ မယုတ်လျော့အောင် ဖန်တီးတော့မယ်ဆိုတာ ဒီယဉ်ကျေးမှုစင်တာတွေ လာဖွင့်တော့မယ်ဆိုတာ လုပ်ရပ်တွေပါပဲ”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ဆိုသည်။
သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတနှင့်အတူ သဘောတူညီမှုများစွာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟုဆိုသော်လည်း အခြားသဘောတူညီများကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
“ကိုယ့်ယဉ်ကျေးမှုကို ဆောင်ရွက်ဖို့တောင်မှ ကျွန်မတို့ဆီမှာ ဒီကနေ့အားလုံး ကြိုးစားရတဲ့ကာလအတွင်းမှာ သူများ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ကိုယ့်တိုင်းပြည်ထဲကို သွတ်သွင်းလာကြမယ်ဆိုရင်တော့ ဒါကတော့ စဉ်းစားစရာတွေ ရှိနေတာပေါ့။ ဒါကတော့ အလွယ်တကူ ခွင့်မပြုသင့်တဲ့ ကိစ္စတွေပါပဲ”ဟု လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
ခန္ဓာကိုယ်နှစ်ခု ခွဲစိပ်ပြီး သည့် ကလေးငယ် နှလုံး အမြှေးပါး ပေါက် ရောဂါ ဆက်လက် ခွဲစိပ်ရဖွယ်ရှိ
ရင်ညွန့်မှခြေလက်တစုံ အပိုထွက်လာသည့် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကလေး လေး မှာ ခွဲစိပ်ကုသမှု ခံယူပြီး စီးခဲ့ပြီး ဖြစ်သော်လည်း အဆုတ်ချွဲကပ်သည့် ရောဂါနှင့် နှလုံး အမြှေးပါး ပေါက် နေသည့် ရောဂါကိုပါ ကုသမှု ဆက်လက်ခံ ယူရန် ဆရာဝန်က ပြောဆို လိုက်သည်ဟု ဆိုပါသည်။
ရခိုင်စာသင်ကြားရေး ထောက်ပံ့ငွေများ ဂွမြို့နယ်တွင် ဖြတ်တောက်ခံရဟုဆို
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ရခိုင်စာပေ သင်ကြားရေး အတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများ ကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးက ဖြတ်တောက်နေသည်ဟု အမည်မဖေါ်လိုသူ ကျောင်းအုပ် ဆရာကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ ဒီနေ့ဘဲ ရခိုင်စာ သင်ကြားရေး အတွက် တစ်လကို သုံးသောင်းနုန်းနဲ့(၃) လအတွက် ကျပ်ငွေ ၉၀၀၀၀ စီ ကျောင်းဆရာ တစ်ဦးစီကို ထုတ်ပေးပါတယ်။ အဲသလို ထုတ်ပေးတဲ့ နေရာမှာ ၁၅၀၀၀ ကျပ်ကို မြို့နယ် ပညာရေးမှူးရုံးက ဖြတ်ယူထားပါတယ်” ဟု သူက ဆိုသည်။
“ ဒီနေ့ဘဲ ရခိုင်စာ သင်ကြားရေး အတွက် တစ်လကို သုံးသောင်းနုန်းနဲ့(၃) လအတွက် ကျပ်ငွေ ၉၀၀၀၀ စီ ကျောင်းဆရာ တစ်ဦးစီကို ထုတ်ပေးပါတယ်။ အဲသလို ထုတ်ပေးတဲ့ နေရာမှာ ၁၅၀၀၀ ကျပ်ကို မြို့နယ် ပညာရေးမှူးရုံးက ဖြတ်ယူထားပါတယ်” ဟု သူက ဆိုသည်။
လုပ်ငန်းလိုင်စင်မရှိ ကြားကားများကို ဖမ်းဆီးမှု အရှိန်မြှင့်တော့မည်
ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် မရှိဘဲ ခရီးသည်တင်ယာဉ် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များ ပိုမိုများပြားလာသည့်အတွက် ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
မြေစာရင်းဌာနအသစ်ရေးဆွဲသည့် တရုတ်-မြန်မာ နယ်ခြားပြမြေပုံအား ဒေသခံများမကျေနပ်
ယာယီစိုက်ထားသည့် တရုတ်နယ်ခြားမှတ်တိုင် သျှမ်းပြည်ဝန်ကြီးချုပ်မှ ဖယ်ရှားခိုင်း
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် စိုက်ထူထားသော တရုတ် မြန်မာနယ်စပ် ယာယီနယ်ခြား တိုင်အား ယာယီဆွဲနှုတ် ဖယ်ရှားထားရန် သျှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ်က နမ့်ခမ်းခရီး စဉ်မှ ညွှန်ကြားလိုက်သည်။
သျှမ်းပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့များသည် နမ့်ခမ်းမြို့နယ်ရှိ တရုတ်နိုင်ငံ နယ်ခြားမျဉ်းဟု တိုင်းတာ ကာ ယာသီသတ်မှတ် ခံထားရသော နယ်စပ်ငုတ်တိုင်များကို ယမန်နေ့က သွားရောက် စစ်ဆေးပြီး ထိုသို့ ပြောဆို လိုက်သည်။
သျှမ်းပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့များသည် နမ့်ခမ်းမြို့နယ်ရှိ တရုတ်နိုင်ငံ နယ်ခြားမျဉ်းဟု တိုင်းတာ ကာ ယာသီသတ်မှတ် ခံထားရသော နယ်စပ်ငုတ်တိုင်များကို ယမန်နေ့က သွားရောက် စစ်ဆေးပြီး ထိုသို့ ပြောဆို လိုက်သည်။
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက် ခရီးသည် ၂၃ ဦး ဒဏ်ရာရ
ကလေးမြို့နှင့် တမူးမြို့ ကို ဆက်သွယ်ထားသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမပေါ် တွင် ဇွန်လ ၂၇ ရက်က တမူးမြို့သို့ ဘုရားဖူးသွားသည့် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံနေရကြောင်း စခန်းကြီးကျေးရွာ ရဲစခန်းမှ သတင်းရရှိသည်။
တပ်မတော်ဘက်က ပြောင်းလဲမှု ပိုမို ပြသဖို့ အမေရိကန် တိုက်တွန်း

ထိုင်းစစ်တပ်က လူပွဲစားတွေ စနှိမ်နင်းမည်

ISIS က အစ္စလာမ္မစ် နိုင်ငံ ကြေညာ
အီရတ်နဲ့ ဆီးရီးယားက ISIS လက်နက်ကိုင် အဖွဲ့ သိမ်းပိုက် ထားတဲ့ နယ်မြေ တွေကို စုစည်းပြီး အစ္စလာမ္မစ် နိုင်ငံ ကြေညာ လိုက်ပြီလို့ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
အီရတ်နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း အစ္စလာမ္မစ် နိုင်ငံ အမည် ကနေ 'အစ္စလာမ္မစ် နိုင်ငံ' အဖြစ် အဖွဲ့ နာမည်ကို ပြောင်းလိုက်ကြောင်း လဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
အီရတ်နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း အစ္စလာမ္မစ် နိုင်ငံ အမည် ကနေ 'အစ္စလာမ္မစ် နိုင်ငံ' အဖြစ် အဖွဲ့ နာမည်ကို ပြောင်းလိုက်ကြောင်း လဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
စာသင်ကျောင်း ၃၉ ကျောင်း တိုက်ပွဲများကြောင့် ပိတ်ခဲ့ရ
ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စစ်ရေးအခြေအနေတွေကြောင့် အခြေခံပညာ စာသင်ကျောင်း ၃၉ ကျောင်း မဖွင့်လှစ်နိုင်ဘူးလို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် မဖွင့်လှစ်နိုင်တာဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် မဖွင့်လှစ်နိုင်တာဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုပါတယ်။
ပြည်သူတွေ သိခွင့်မရှိတဲ့ သဘောတူစာချုပ်တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူအောက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်သြဇာ ဘယ်လောက်လွှမ်းမိုးနေဦးမလဲ
(၁)
သမ္မတဦးသိန်းစိန်နဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်အထိ ကြာမြင့်ပါမယ်။ ဒီခရီးစဉ်ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ် နှစ် (၆၀) ပြည့် အခမ်းအနားကို တက်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တွေနဲ့ တရုတ်အစိုးရ အဖွဲ့ဝင်တွေအကြား သီးခြားတွေ့ဆုံမှုတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရဘက်ကနေ တရုတ်နိုင်ငံဘက်ကို လိုက်ပါသွားတဲ့ ၀န်ကြီးစာရင်းကို ကြည့်ရင်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ အပါအ၀င် အခြားအရေးပါတဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးမယ့် အခြေအနေ ရှိပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်အထိ ကြာမြင့်ပါမယ်။ ဒီခရီးစဉ်ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ် နှစ် (၆၀) ပြည့် အခမ်းအနားကို တက်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တွေနဲ့ တရုတ်အစိုးရ အဖွဲ့ဝင်တွေအကြား သီးခြားတွေ့ဆုံမှုတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရဘက်ကနေ တရုတ်နိုင်ငံဘက်ကို လိုက်ပါသွားတဲ့ ၀န်ကြီးစာရင်းကို ကြည့်ရင်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ အပါအ၀င် အခြားအရေးပါတဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးမယ့် အခြေအနေ ရှိပါတယ်။
မတူညီမှုများအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံရေးဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
နိုင်ငံတကာ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်း ၁၂ ခုမှ ပူးပေါင်းသုတေသန ပြုလုပ်သည့် ‘အပူပိုင်းဒေသ၏ အခြေအနေ အစီရင်ခံစာ’ ဆွေးနွေးပွဲကို ဇွန် ၂၉ ရက်က မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် တစ်ပြိုင်နက် ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ခြေ-ဥ ပြင်ရေး တပ်မတော်သားအမတ်တွေ ပါဝင်ဖို့ ဒေါ်စုတိုက်တွန်း
ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ The State of the Tropics 2014 အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုအတွင်း အပူပိုင်းရပ်ဝန်းဒေသရဲ့ လက်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေ၊ ဇီဝဖြစ်စဉ်တွေရဲ့ အားသာချက်၊
တာဝန်လစ်ဟင်းရင် နှုတ်ထွက် ပေးတဲ့ စနစ် ရှိသင့်

ထိုင်းအာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးထားသည့် လက်နက်ခဲယမ်းတွေကို ထုတ်ပြ
ထိုင်းအာဏာသိမ်း စစ်ကောင်စီက ဖမ်းမိထားတဲ့ လက်နက်ခဲယမ်းတွေကို ထုတ်ပြပါတယ်။ ဒီလက်နက် တွေကို မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၅ ရက်နေ့အတွင်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ဖမ်းမိတာလို့ ပြောပါတယ်။
ဒီလက်နက်တွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့လူတွေထဲမှာ ပြည်ပမှာ အသစ်ဖွဲ့ထားတဲ့ အတိုက်အခံအဖွဲ့ အတွင်းရေးမှူးချုပ် ဂျာခရာပေါ့ပ်လည်း တယောက်ပါဝင်တယ်လို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ဒုရဲမင်းကြီးက ပြောပါတယ်။
ဒီလက်နက်တွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့လူတွေထဲမှာ ပြည်ပမှာ အသစ်ဖွဲ့ထားတဲ့ အတိုက်အခံအဖွဲ့ အတွင်းရေးမှူးချုပ် ဂျာခရာပေါ့ပ်လည်း တယောက်ပါဝင်တယ်လို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ဒုရဲမင်းကြီးက ပြောပါတယ်။
အသက် ၅ နှစ်မှ ၁၆ နှစ်အတွင်း လမ်းပေါ်ကလေးများအတွက် ညပိုင်းစောင့်ရှောက်ရေးဂေဟာ ဖွင့်မည်
ရန်ကုန် ၊ မဇ္ဈိမ။ ။ အသက် ၅နှစ်မှ ၁၆နှစ်အထိ လမ်းပေါ် ကလေး ငယ်များကို မွေးစာရင်းနှင့် မှတ်ပုံ တင်များ ပါ ပြုလုပ်ပေးပြီး ညပိုင်းစောင့် ရှောက်ရေး ဂေဟာ ဖွင့်လှစ်ပြီး စောင့်ရှောက် ပေးခြင်းကို ရပ်ရွာအခြေပြု ကလေး သူငယ် စောင့်ရှောက် ရေး အဖွဲ့များနှင့် ပူးပေါင်းပြီး စောင့်ရှောက် ပေးသွားမည်ဟု ရတနာ့ မေတ္တာ အဖွဲ့ဥက္ကဌ ဦးမြင့်ဆွေက မဇ္ဈိမကို ပြောသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ချေးငွေ အာမခံချက်ဖြင့် ငွေချေးနိုင်ရန် စီစဉ်
အသေးစားနှင့် အလတ် စားလုပ်ငန်းများ အနေဖြင့် အပေါင်ပစ္စည်းမလိုဘဲ ဘဏ်များမှ ငွေချေးနိုင်မည့် အစီအစဉ်အပါအ၀င် ချေးငွေအာမခံစနစ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ကနဦးစီမံကိန်းအဖြစ် ဇူလိုင်လဆန်း၌ စတင် ရောင်းချတော့မည်ဟု အာမခံ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သ တင်းရရှိသည်။
‘‘စီးပွားရေးတိုးချဲ့ချင်သော် လည်း အရင်းအနှီးမရှိသူတွေအ တွက် ဒီအာမခံက ကူညီပေးမှာ ပါ’’ ဟု ဘဏ္ဍာအခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင် မောင်သိမ်းက ပြောကြားသည်။
‘‘စီးပွားရေးတိုးချဲ့ချင်သော် လည်း အရင်းအနှီးမရှိသူတွေအ တွက် ဒီအာမခံက ကူညီပေးမှာ ပါ’’ ဟု ဘဏ္ဍာအခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင် မောင်သိမ်းက ပြောကြားသည်။
ဂျယ်ဂေါင်သျှမ်းဒေသခံများအား တရုတ်အစိုးရတပ်မှစစ်ပညာသင်ပေး
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တဘက်ကမ်း ဂျယ်ဂေါင်မြို့အတွင်းမှ သျှမ်းဒေသခံများအား တရုတ် အစိုးရတပ်မတော်မှဆင့်ခေါ်ကာ စစ်ပညာသင်ကြားပေးနေသည်ဟု သိရသည်။
ဂျွန်လနောက်ဆုံးပတ်မှစ၍ ဂျယ်ဂေါင်ဒေသခံ သျှမ်းအမျိုးသား အမျိုးသမီးများအား အုပ်ချုပ်ရေးမှူး များမှတဆင့် ဆင့်ခေါ်ကာ တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေး (ရဲ) စခန်းဝင်း၌ စစ်ပညာသင်ကြားပေး ခဲ့ သည်။ တက်ရောက်သူ နယ်စပ်ဒေသခံများအနက် ဂျယ်ဂေါင်ဒေသခံ သျှမ်းအမျိုးသား၂၄ ဦး၊ အမျိုး သမီး ၈ ဦး ပါဝင်သည်။
ဂျွန်လနောက်ဆုံးပတ်မှစ၍ ဂျယ်ဂေါင်ဒေသခံ သျှမ်းအမျိုးသား အမျိုးသမီးများအား အုပ်ချုပ်ရေးမှူး များမှတဆင့် ဆင့်ခေါ်ကာ တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေး (ရဲ) စခန်းဝင်း၌ စစ်ပညာသင်ကြားပေး ခဲ့ သည်။ တက်ရောက်သူ နယ်စပ်ဒေသခံများအနက် ဂျယ်ဂေါင်ဒေသခံ သျှမ်းအမျိုးသား၂၄ ဦး၊ အမျိုး သမီး ၈ ဦး ပါဝင်သည်။
ဗိုလ်ချုပ်အောင်ဆန်းနောက်ပိုင်း သက္ကောဂုဏ် နှင့်ပြည့်စုံသူ ခေါင်းဆောင် မရှိခဲ့ဟု ရွှေည၀ါ ဆရာတော်မိန့်ကြား
သံတွဲ ညမထွက်ရအမိန့် နောက်ထပ် (၂) လတိုးမြှင့်
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြော
နေပြည်တော်ရှိ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို က အမေရိကန်တပ်မတော်မှ စစ် ဘက်ဆိုင်ရာထိပ်တန်းအရာရှိ တစ်ဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပုဂ္ဂလိကကျောင်း တစ်ရာကျော် လိုင်စင်ချပေး၊ ကျောင်းပေါင်း ၂၈၀ ကျော် ရှိလာ
ပညာရေးဝန်ကြီးဌာန သည် ယခု ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းသစ် တစ်ရာ ကျော်ကို ထပ်မံတိုးမြှင့် ဖွင့်လှစ် ခွင့်ပြုလိုက်ကြောင်း ပညာရေးစီမံ ကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
Saturday, June 28, 2014
ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူမရှိသည့် လွတ်လပ်ရေးကျောက်တိုင်ကွင်း မကြာခဏဖျက်စီးခံနေရ

သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရာပြည့်ကပ်ကျော်
ကန်သာယာ ကန်ကြီးအတွင်းရှိ လွတ်လပ်ရေး
ကျွန်းပေါ်တွင် တည်ထားသည့် လွတ်
လပ်ရေးကျောက်တိုင်မှ ခြင်္သေ့ရုပ်တု ကြီးများနှင့်
ပန်းအလှပင်များကို မကြာခဏဖျက်စီးခံနေရကြောင်း လာရောက်အပန်းဖြေသူ ဒေသခံ မြို့မိ၊မြို့ ဖတစ်ဦးထံမှ သိရသည်။
မွေး/ရေမြေပေါ် နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေသော အေ၀မ်းငါးသေတ္တာစက်ရုံ ဖယ်ရှားခံရ
ခြောက်လအတွင်း ခိုးထုတ်သစ် တန်ချိန်တစ်သောင်းကျော် ဖမ်းဆီးရမိ
ကြိုးဟောင်းများကြောင့် လျှပ်စစ်ဓာတ်အားဆုံးရှုံးနေမှုကို ဦးစားပေး ပြင်ဆင်ဖြေရှင်းရန် စွမ်းအင်အကြံပေးပြောကြား

မာနိုင်ငံအ တွက် အဓိက ပြင်ဆင်ရမည့်ပြဿနာမှာ
ခေတ်နောက်ကျနေ သော လျှပ်စစ်ဓာတ်
အားဖြန့်ဖြူး ရေးနည်းစနစ်များနှင့် ဟောင်း
နွမ်းသော ဓာတ်ကြိုးများကြောင့် နှစ်စဉ်ပျောက်
ဆုံးသွားသော လျှပ် စစ်ဓာတ်အားပြဿနာကို ဦးစား ပေး ဖြေရှင်းရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် စွမ်းအင်အကြံပေးက ပြောကြားလိုက်သည်။
ဘင်္ဂါလီ ကိုးဦးကို ရန်ကုန်ပို့ရန် ပူးပေါင်းစီစဉ်သူ ငါးဦးရှိ၊ နှစ်ဦးလွတ်နေဆဲ
ဘင်္ဂါလီကိုးဦးကို ရန်ကုန်သို့ပို့ရန် ပူးပေါင်းကြံ
စည်သူ ငါးဦးဖြစ်ပြီး သုံးဦးကို ဖမ်းဆီး
ထားနိုင်ကာ နှစ်ဦးမှာ လွတ်မြောက်နေသောကြောင့်
ဒေသတွင်း စစ် ဆေးရေးဂိတ်များ၌ ပိတ်
ဆို့ဖမ်းဆီးထားရန် ညွှန်ကြားထား ကြောင်း
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။
မုံရွာကားလေးကွင်းထဲတွင်လူမဆန်စွာစွန့်ပစ် ထားခဲ့သော (၂ )လအရွယ်ရှိမိန်ကလေး ငယ်တစ်ဦး
ငါးနှစ်အရွယ် မူလတန်းကျောင်းသားကို အတန်းပိုင်ဆရာမက အရွယ်နဲ့ မလိုက်အောင် အပြစ်ပေး

အလယ်တန်းကျောင်း (ရန်ကင်းTTC) မှာ ဇွန်လ
၂၄ ရက်နေ့က အသက် ငါးနှစ်အရွယ် မူလ
တန်းကျောင်းသားကို အတန်းပိုင်ဆရာမက
အရွယ်နဲ့ မလိုက်အောင် အပြစ်ပေးခဲ့တာကြောင့်
တိုင်းပညာရေးမှူးနဲ့ သက်ဆိုင်ရာ အဆင့်ဆင့်ထံ တိုင်ကြားမှာဖြစ်တယ်လို့ ဒဏ်ပေးခံရတဲ့ ကျောင်းသားရဲ့ ဖိုးလေးဖြစ်သူ ဦးရဲနိုင်က The Voice ကိုပြောပြပါတယ်။
ကျောင်းသူလေးများအား ဖြားယောင်းသွေးဆောင် ခေါ်ယူသူကို အရေးယူ

၍ လက်ဝတ်ရတနာ ချွတ်ယူရန် ကြံစည်သူကို
သက်ဆိုင်ရာမှ အမှုဖွင့် အရေးယူထား
ကြောင်း သိရသည်။ ယခုလ(၂၅) ရက်နေ့တွင် ကသာမြို့သတ္တမတန်း(က) မှ ကျောင်းသူ တစ်ဦး နေ့လယ်ကျောင်းဆင်း၍ ကျောင်းပြန် တက်ရန် လာစဉ် အမည်မသိ အမျိုးသမီးတစ်ဦးက စာအုပ်များ ၀ယ်ယူရန်အတွက် ဈေးဆိုင်သို့ လိုက်ပြပေးရန်ပြောဆိုပြီး၊ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွား ခဲ့ကြောင်း၊ စာအုပ်ဆိုင်ရှေ့သို့ ရောက်သော်လည်း ဆိုင်ကယ်ရပ်မပေး သဖြင့် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းခဲ့ရာ
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနဲ့ အဖွဲ့ မြစ်ကြီးနားကို သွားခွင့်မရ
မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် အဆင့်မြင့်သံတမန်အဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လေ့လာ ရေး သွားရောက်ရန် မေတ္တာ ရပ်ခံချက်ကို မြန်မာ အစိုးရဘက်က ငြင်းပယ်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။
ဒါပေမယ့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်းများ ရှိရာ ဖားကန့်မြို့ကိုတော့ သွားရောက် လည်ပတ် လေ့လာလို့ ရနိုင်တယ်လို့ မြန်မာ အစိုးရဘက်က ပြောတယ်လို့လည်း သိရပါတယ်။
မြစ်ဆုံဆည်စီမံကိန်းရဲ့ နောက်ဆက်တွဲ ဂယက်
တရုတ်မြန်မာ ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှု တွေ ပိုလုပ်ကြမယ် ဆိုပြီး တရုတ်ပြည် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် လက်မှတ် ထိုးနေချိန်မှာပဲ၊ တရုတ်နိုင်ငံပိုင် CPI ကုမ္မဏီ ရဲ့ စီးပွားရေး လုပ်ငန်း တစ်ခုဖြစ် တဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်း နဲ့ မလွတ်ကင်း လို့ ပြောင်းရွှေ့ ပေးခဲ့ရ တဲ့ ကျေးရွာတွေက ဒေသခံတွေ ဟာ၊ ပြောင်းရွှေ့ပြီး ၃ နှစ် ကြာတဲ့ အထိ၊ နေရာသစ် မှာ အခြေမကျပဲ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေရပါတယ်။
ကျောင်းသူတစ်ဦးကို ရေသန့်ဘူးထဲ လိင်စိတ်ကြွဆေး ခပ်တိုက်၍ အဓမ္မပြုကျင့်ပြီး အင်တာနက်တင်မည်ဟု ခြိမ်းခြောက်သူကို အမှုဖွင့်
ကန့်ဘလူ ၊ ၂၉-၆-၂၀၁၄
ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင် ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး ထဲ၌ လိင်စိတ်ကြွဆေး ခပ်တိုက်၍ သားမယား အဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင် ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး ထဲ၌ လိင်စိတ်ကြွဆေး ခပ်တိုက်၍ သားမယား အဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)